Connect with us

China

စွမ်းအင်အသွင်ကူးပြောင်းမှုတွင် တရုတ်နိုင်ငံက ကမ္ဘာ့အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်ဟု အစိုးရ အစီရင်ခံစာ၌ ဖော်ပြ

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ကျန်းဆူးပြည်နယ်၊ ရန်ချန်းမြို့၊ Sheyang ခရိုင်ရှိ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ထိန်းချုပ်ထားသော စက်မှုဇုန်၌ လေအားလျှပ်စစ်ထုတ်ယူသည့် ကိရိယာများကို ၂၀၂၄ ခုနှစ်၊ ဇွန် ၆ ရက်တွင် ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စွမ်းအင်အသွင်ကူးပြောင်းမှုတွင် ကမ္ဘာ့အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်လာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အသွင်ကူးပြောင်းမှုနှင့် သန့်စင်သော ကမ္ဘာမြေအား ပံ့ပိုးလျက်ရှိကြောင်း ဩဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစိုးရ အစီရင်ခံစာ (စက္ကူဖြူစာတမ်း) အရ သိရသည်။
စွမ်းအင်အသွင်ကူးပြောင်းမှု၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၇၆ ဘီလီယံအထိ ရှိခဲ့ကာ ယင်းနယ်ပယ်၌ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုအများဆုံး ဖြစ်လာသည်ဟု “တရုတ်နိုင်ငံ၏ စွမ်းအင်အသွင်ကူးပြောင်းမှု” ဟု အမည်ပေးထားသော အစီရင်ခံစာအရ သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နည်းပညာအား ပိုမိုလျင်မြန်စွာ အဆင့်မြှင့်တင်ရန် နည်းပညာပိုင်း ဆန်းသစ်တီထွင်မှုအတွက် ကြိုးပမ်းအားထုတ်မှုများကို နှစ်ဆတိုးမြှင့်လျက် ကမ္ဘာတစ်ဝန်း လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင် ကုန်ကျစရိတ်များကို သိသိသာသာ လျှော့ချရေးအတွက် များစွာအထောက်အကူပေးလျက်ရှိကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံက အစိမ်းရောင်စွမ်းအင် စီမံကိန်းများတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ ကျော်နှင့်အတူ လက်တွဲလုပ်ဆောင်လျက်ရှိပြီး ၎င်း၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍသည်လည်း ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှုကို အားဖြည့်ပေးကာ ကမ္ဘာတစ်ဝန်း ကုန်ဈေးနှုန်းမြင့်တက်မှု ဖိအားများကို လျော့ကျစေပြီး ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အသွင်ကူးပြောင်းရေးတို့အတွက် အားဖြည့်ပံ့ပိုးလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင် ထုတ်ကုန်များ တင်ပို့မှုကလည်း ၂၀၂၃ ခုနှစ်အတွင်း အခြားနိုင်ငံများ၏ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုတန်ချိန် သန်း ၈၁၀ ခန့် လျှော့ချနိုင်ခဲ့ခြင်းအား အထောက်အကူပေးခဲ့ကြောင်း ၎င်းအစီရင်ခံစာအရ သိရသည်။ (Xinhua)
……………………
(English Version)
China becomes world’s largest investor in energy transition: white paper
BEIJING, Aug. 29 (Xinhua) — China has become the world’s largest investor in energy transition, contributing to global energy transition and a clean world, said a white paper issued Thursday.
The country’s investment in energy transition reached 676 billion U.S. dollars in 2023, making it the world’s largest investor in this field, according to the white paper titled “China’s Energy Transition.”
The country has doubled its efforts in technological innovation to upgrade new energy technology at a faster pace, contributing enormously to a sharp reduction in the costs of wind power and photovoltaic power worldwide, according to the white paper.
China has worked with more than 100 countries and regions on green energy projects, while its new energy industry has added to the global energy supply, eased global inflation pressures, and contributed to the global effort to combat climate change and transition to green development.
China’s exports of wind power and photovoltaic products helped other countries reduce carbon dioxide emissions by about 810 million tonnes in 2023, according to the white paper. Enditem
English Caption
An aerial drone photo taken on June 6, 2024 shows the wind power equipment at a low(zero) carbon-dioxide emission industrial park in Sheyang, Yancheng, east China’s Jiangsu Province. (Xinhua/Yang Lei)