China
တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် အဝေးမှအာရုံခံစနစ်သုံး လေယာဉ်က သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုများအား မြှင့်တင်ပေးလျက်ရှိ
ရှီးအန်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် MA60 အဝေးမှအာရုံခံစနစ်သုံး လေယာဉ်သည် သိပ္ပံပညာရှင်များအနေဖြင့် သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုများ လုပ်ဆောင်နိုင်စေရန် ဝေဟင်မှ စင်မြင့်ကြီးတစ်ခုအဖြစ် အထောက်အကူပေးလျက်ရှိသည်။
အဆိုပါလေယာဉ်သည် ခရီးဝေးသွားနိုင်မှု၊ လုပ်ငန်းဆောင်တာများစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်မှု၊ ဘက်စုံအသုံးပြုနိုင်စွမ်းနှင့် စောင့်ကြည့်ပြတင်းပေါက် အများအပြားပါဝင်သော အဝေးမှအာရုံခံစနစ်သုံး အကြီးစားနှင့် အလတ်စား လေယာဉ်များအဖြစ် တိုင်းပြည်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော တရုတ်လေကြောင်းလုပ်ငန်း ကော်ပိုရေးရှင်း (AVIC) ၏ အဆိုအရ သိရသည်။
ထိုလေယာဉ်သည် မြေဆီလွှာ-သဘာဝပေါက်ပင်-လေထု စဉ်ဆက်မပြတ်ဖြစ်စဉ်၌ အစိုဓာတ်ပါဝင်မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ မြောက်ပိုင်း၊ Luanhe မြစ်ဝှမ်းဒေသ၌ အဝေးမှအာရုံခံစောင့်ကြည့်သည့် လက်တွေ့စူးစမ်းလေ့လာမှုတစ်ရပ်ကို မကြာသေးမီက လုပ်ဆောင်ခဲ့ကာ ဂေဟဗေဒထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းရေးကို ဦးတည်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာအဆင့်အတန်းမြင့်မားသော နည်းလမ်းတစ်ခုကို ပံ့ပိုးပေးခဲ့ကြောင်း AVIC က ဆိုသည်။
တရုတ်သိပ္ပံအကယ်ဒမီ (CAS) လက်အောက်ရှိ အမျိုးသားအာကာသသိပ္ပံစင်တာ၊ အာကာသနှင့်လေကြောင်းဆိုင်ရာ သတင်းအချက်အလက် သုတေသနအင်စတီကျူ(AIR) အပါအဝင် အဖွဲ့အစည်းအများအပြား ပါဝင်သော သိပ္ပံနည်းကျ ပူးတွဲသုတေသနအဖွဲ့က ယင်းသုတေသနအား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလေယာဉ်သည် တောအုပ်များ၊ စိုက်ပျိုးမြေများနှင့် မြက်ခင်းပြင်များကို တစ်မူထူးခြားသော ဝေဟင်ရှုထောင့်မှ စူးစမ်းလေ့လာခြင်းဖြင့် လေကြောင်းဆိုင်ရာ အဝေးမှအာရုံခံစောင့်ကြည့်နိုင်သော စနစ်အဖြစ် သဘာဝပေါက်ပင်များနှင့် မြေဆီလွှာတို့တွင် အစိုဓာတ်ပါဝင်မှုကို တိတိကျကျ မှတ်တမ်းတင်နိုင်စေရန် သိပ္ပံပညာရှင်များအား အထောက်အကူပေးလျက်ရှိသည်။
CAS နှင့် AVIC တို့၏ ပူးတွဲစီမံကိန်းဖြစ်သော MA60 အဝေးမှအာရုံခံစနစ်သုံး လေယာဉ်အား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်၊ ရှီးအန်းမြို့ရှိ AVIC XAC Commercial Aircraft ကုမ္ပဏီလီမိတက်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယင်းလေယာဉ်သည် စွမ်းဆောင်ရည်မြင့်မားသော အဝေးမှအာရုံခံစောင့်ကြည့်သည့် မျိုးဆက်သစ် ဝေဟင်စင်မြင့်တစ်ခု ဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ အကျယ်ပြန့်ဆုံး ဝေဟင်မှ သိပ္ပံနည်းကျ လက်တွေ့စမ်းသပ်မှု စင်မြင့်တစ်ခုလည်းဖြစ်သည်။
“MA60 အဝေးမှ အာရုံခံစောင့်ကြည့်ရေးလေယာဉ်နဲ့ လေယာဉ်ပေါ်မှာပါဝင်တဲ့ ဝေဟင်အာရုံခံစနစ်ဟာ ဒီနယ်ပယ်မှာ တရုတ်နိုင်ငံရဲ့ အကျယ်ပြန့်ဆုံး စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ Chinese Aeronautic Remote Sensing System ကို ပေါင်းစပ်ဖန်တီးထားတာပါ” ဟု MA60 အဝေးမှအာရုံခံစောင့်ကြည့်ရေး လေယာဉ်၏ ဒီဇိုင်နာချုပ်ဖြစ်သူ Ding Yaxiu က ဆိုသည်။
MA60 ဒေသသုံးလေယာဉ်ကို အခြေခံ၍တည်ဆောက်ထားသည့် MA60 အဝေးမှအာရုံခံစောင့်ကြည့်ရေး လေယာဉ်မော်ဒယ်သည် သိပ္ပံနည်းကျ လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်ရန် ဒီဇိုင်းဖန်တီးထားသော လေယာဉ်စင်မြင့်တစ်ခုဖြစ်ကာ MA60 ဒေသသုံးလေယာဉ်နှင့် နှိုင်းယှဉ်လျှင် စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်ပြီး ထပ်တိုးစနစ်များလည်း တပ်ဆင်ထားကြောင်း သိရသည်။
MA60 အဝေးမှအာရုံခံစောင့်ကြည့်ရေး လေယာဉ်အား အဆင့်မြင့် ကိရိယာအသုံးအဆောင် ဒါဇင်ပေါင်းများစွာနှင့် စနစ်အမျိုးမျိုး တပ်ဆင်နိုင်ကြောင်း သိရသည်။ “ဒါကြောင့် အချက်အလက်တွေ စုဆောင်းတာ၊ မှတ်တမ်းတင်တာ၊ တွက်ချက်တာနဲ့ ထုတ်ပြန်တာတွေလို မစ်ရှစ်တွေအတွက် လိုအပ်ချက်နဲ့ ကိုက်ညီနိုင်ပါတယ်” ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်မော်ဒယ်သည် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောလုပ်ငန်းဆိုင်ရာ အချက်အလက်များ လေ့လာခြင်း၊ ဘူမိဗေဒနှင့် ဓာတ်သတ္တု စူးစမ်းရှာဖွေခြင်း၊ ဇလဗေဒ၊ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်အကဲဖြတ်ခြင်း၊ သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေး၊ မြေတိုင်းတာခြင်းနှင့် မြေပုံထုတ်ခြင်း အပါအဝင် နယ်ပယ်အများအပြား၌ သိပ္ပံနည်းကျ လေ့လာမှုများအတွက် အသုံးပြုနိုင်သည်။
လတ်တလောတွင် MA60 အဝေးမှအာရုံခံစနစ်သုံး လေယာဉ်နှစ်စင်းအား လက်တွေ့အသုံးပြုလျက်ရှိကာ လယ်ယာစိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေး၊ ချင်းဟိုင်-ရှီးဇန့် ကုန်းပြင်မြင့် သိပ္ပံနည်းကျ သုတေသနနှင့် အခြားနယ်ပယ်များ၌ ကြီးမားသော တိုးတက်မှုများ ရရှိခဲ့ကြောင်း သိရသည်။
MA60 အဝေးမှအာရုံခံစနစ်သုံး လေယာဉ်သည် ၂၀၂၃ ခုနှစ်အတွင်း မြစ်ဝါမြစ် မြစ်ဝကျွန်းပေါ်ဒေသ မြေပြင်နှင့်ရေပြင် ဂေဟဗေဒစောင့်ကြည့်ရေးဆိုင်ရာ လက်တွေ့စမ်းသပ်ခြင်း၊ ကမ္ဘာ့အမွေအနှစ်နေရာများအား စောင့်ကြည့်ကာကွယ်ခြင်းနှင့် BeiDou spatio-temporal စံပြုအမှတ်ကို အခြေခံ၍ ဒစ်ဂျစ်တယ်ဓာတ်ပုံများကို အတိအကျရိုက်ကူးရယူခြင်း အပါအဝင် နိုင်ငံအဆင့် လုပ်ငန်းတာဝန် ၁၅ ခုအား ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်များကို ဂေဟဗေဒပတ်ဝန်းကျင်၊ သယံဇာတအရင်းအမြစ်နှင့် မြေပုံထုတ်ယူခြင်းနှင့် သက်ဆိုင်သည့် သုတေသန လုပ်ဆောင်မှုများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
China Focus: China’s homegrown remote sensing aircraft elevates scientific exploration
XI’AN, Sept. 11 (Xinhua) — China’s homegrown MA60 remote sensing aircraft has enabled scientists to conduct scientific studies via a large aerial platform.
The aircraft has filled the country’s blank in terms of large and medium-sized remote sensing aircraft featuring long range, multi-tasking ability, multi-function capability and multi-watch windows, according to the Aviation Industry Corporation of China (AVIC), the country’s leading aircraft manufacturer.
The aircraft recently conducted a remote sensing experiment in north China’s Luanhe River basin concerning the moisture perspective in the soil-vegetation-atmosphere continuum, thereby providing an advanced technical means for ecological conservation and green development, the AVIC said.
This research was conducted by a joint scientific research team featuring multiple institutions, including the National Space Science Center and Aerospace Information Research Institute (AIR) under the Chinese Academy of Sciences (CAS).
Serving as an aeronautic remote sensing system, the aircraft enables scientists to accurately capture the moisture content of vegetation and soil by observing forests, farmland and grassland from a unique aerial view.
A joint project of the CAS and AVIC, the MA60 remote sensing aircraft was developed by AVIC XAC Commercial Aircraft Co., Ltd. in Xi’an, northwest China’s Shaanxi Province. It is China’s new generation, high performance aerial remote sensing platform, and also the country’s most comprehensive aerial scientific experiment platform.
“The MA60 remote sensing aircraft and the onboard aerial remote sensing system together make up the Chinese Aeronautic Remote Sensing System, which has the most comprehensive capabilities in China in this field,” said Ding Yaxiu, chief designer of the MA60 remote sensing aircraft.
Based on the MA60 regional aircraft, the MA60 remote sensing model is an aircraft platform designed for conducting scientific experiments, and offers improved performance and additional installed systems compared with the MA60 regional aircraft.
The MA60 remote sensing aircraft could be installed with dozens of advanced types of equipment and different systems. “Thus, it can meet mission demands such data collection, recording, processing and transmission,” Ding explained.
This model is capable of serving scientific studies in many fields, including agricultural and forestry data investigation, geological and mineral exploration, hydrology, environmental monitoring and evaluation, natural disaster relief, and surveying and mapping.
Currently, two MA60 remote sensing aircraft have been put into operation and they have made remarkable achievements in fields such as agriculture, disaster relief, Qinghai-Xizang Plateau scientific research, and more.
In 2023, MA60 remote sensing aircraft undertook 15 national tasks, including the Yellow River Delta land-and-sea ecological monitoring experiment, the monitoring and protection of world heritage sites, and the acquisition of high-precision digital images based on the BeiDou spatio-temporal benchmark.
These aircraft have also been widely used in conducting research related to the likes of the ecological environment, natural resources and land mapping, according to Zhu. Enditem
English Caption
A China’s homegrown MA60 remote sensing aircraft is pictured during a scientific operation in Bayannur City, north China’s Inner Mongolia Autonomous Region, Aug. 23, 2024. (The Aerospace Information Research Institute under the Chinese Academy of Sciences/Handout via Xinhua )