Connect with us

Asia

ထိုင်းနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၇ ဦးရှိလာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြိုကျနေသော အဆောက်အအုံတစ်ခုအား ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မတ် ၃၀ ရက် (ဆင်ဟွာ)
အိမ်နီးချင်း မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ထိုင်းနိုင်ငံတွင် သေဆုံးသူ ၁၇ ဦး ရှိလာခဲ့ပြီး ဒဏ်ရာရသူ ၃၂ ဦး၊ ပျောက်ဆုံးနေသူ ၈၃ ဦးရှိကြောင်း ဒေသန္တရ အာဏာပိုင်များက မတ် ၃၀ ရက်၌ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၁၈ ခု၌ အပျက်အစီးများ ဖြစ်ပေါ်ခဲ့ကာ နေအိမ်အလုံး ၄၂၀၊ ဘုရားကျောင်း ၄၈ ကျောင်း၊ ဆေးရုံ ၇၆ ရုံ၊ အဆောက်အဦ ၈ လုံး၊ စာသင်ကျောင်း ၂၃ ကျောင်းနှင့် အစိုးရရုံး ၁၈ ရုံးတို့အား သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေး ဦးစီးဌာန (DDPM) ထံမှ သိရသည်။
အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ငလျင်ဒဏ်သင့်ဒေသ၌ အကဲဖြတ်မှုများ လုပ်ဆောင်နေပြီဖြစ်ပြီး နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နိုင်သည့် အလားအလာမှာလည်း တဖြည်းဖြည်း လျော့ကျလာပြီဟု DDPM ညွှန်ကြားရေးမှူးချုပ် ဖဆာခွန်း ဘွန်ယာလက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
သက်ဆိုင်ရာဌာနများအနေဖြင့် အကူအညီများ ပေးလျက်ရှိပြီး တည်ဆဲဥပဒေများနှင့်အညီ အကူအညီပေးမှု ချောမွေ့မြန်ဆန်စေရေးအတွက် အပျက်အစီးများကို ခန့်မှန်းတွက်ချက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါဌာနအနေဖြင့် ကယ်ဆယ်ရေး ဆောင်ရွက်မှုများကို အကူအညီပေးရန်အတွက် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေးဌာန အသီးသီးမှ မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ တစ်ဖွဲ့ကို အထူးပစ္စည်းကိရိယာများနှင့်အတူ ငလျင်ဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသည့် ဘန်ကောက်မြို့သို့ စေလွှတ်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)


………………………………………………………………………..
(English Version)
Death toll rises to 17 in Thailand after Myanmar earthquake
BANGKOK, March 30 (Xinhua) — The death toll in the Thai capital of Bangkok from a powerful earthquake that hit neighboring Myanmar rose to 17, with 32 people injured and 83 others remaining missing, local authorities said on Sunday.
According to the Department of Disaster Prevention and Mitigation (DDPM), damage has been reported in 18 provinces across Thailand, impacting 420 homes, 48 temples, 76 hospitals, eight buildings, 23 schools, and 18 government offices.
The situation was under control and affected area assessments were underway, with the probability of aftershocks steadily decreasing, Phasakorn Boonyalak, director general of the DDPM, said in a statement.
Phasakorn noted that relevant agencies have been providing aid and assessing damage to facilitate assistance in accordance with applicable laws.
The department has also dispatched an Urban Search and Rescue team with specialized equipment from various disaster prevention and mitigation centers to Bangkok, the hardest-hit area, to aid in rescue efforts, he added. ■
English Caption
This photo taken on March 28, 2025 shows a collapsed building in Bangkok, Thailand. (Xinhua/Rachen Sageamsak)