Connect with us

Media

တရုတ်လျှပ်စစ်ကားများ စပိန်နိုင်ငံ၌ လူကြိုက်များရေပန်းစား

ဘာစီလိုနာ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

တရုတ်လျှပ်စစ်ကားများက ဥရောပဈေးကွက်တွင် လူကြိုက်များရေပန်းစားလာကြောင်း Kngloo Spain ကုမ္ပဏီ၏ ကုန်ပစ္စည်းနှင့်ဈေးကွက်မန်နေဂျာ Raul Jaramillo က ဆင်ဟွာနှင့် မကြာသေးမီက ပြုလုပ်သော တွေ့ဆုံမေးမြန်းမှု၌ ပြောကြားခဲ့သည်။
“သူတို့မှာက မော်တော်ကားထုတ်လုပ်ရေးမှာ ကမ္ဘာလုံးဆိုင်ရာဦးဆောင်သူတွေအဖြစ် သူတို့ကိုယ်တိုင် ရပ်တည်ဖို့ လိုအပ်တာတွေအားလုံး ရှိပြီးတဲ့အတွက်ကြောင့် အနာဂတ် ဥရောပဈေးကွက်မှာ တရုတ်အမှတ် တံဆိပ်တွေ ပြည့်နှက်လာမယ်ဆိုရင် အံ့ဩစရာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
စပိန်နှင့် ဥရောပဈေးကွက်တို့အတွက် အမှတ်တံဆိပ်သစ်တစ်ခု ဖြစ်သည့် Kngloo ကို စပိန်နိုင်ငံ၌ ပြီးခဲ့သည့်နှစ်က မိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး ယင်းကုမ္ပဏီက ဥရောပတွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများအား ရောင်းချပေးနေကြောင်း သိရသည်။
စပိန်နိုင်ငံ၌ ရောင်းချသည့် တရုတ်ကားသစ်အရေအတွက်က ပြီးခဲ့သည့်နှစ်တွင် အစီးရေ ၁၀,၀၀၀ မှ ၃၇,၀၀၀ အထိ တိုးလာခဲ့ကြောင်း Ancove မော်တော်ယာဉ်ရောင်းချသူများအသင်းထံမှ သိရသည်။ (Xinhua)
……………………………..
(English Version)
Chinese electric vehicles enjoy popularity in Spain: Spanish brand manager
Chinese electric vehicles are enjoying growing popularity in the European market, Raul Jaramillo, brand and marketing manager for Kngloo Spain, said in a recent interview with Xinhua.
SOUNDBITE 1 (Spanish): RAUL JARAMILLO, Brand and marketing manager for Kngloo Spain
“They have everything they need to position themselves as global leaders in the production of vehicles and so we shouldn’t be surprised if in the future our European market becomes filled with Chinese brands.”
Kngloo, a brand that is new to the Spanish and European markets, was launched in Spain last year. The company sells Chinese-built electric cars in Europe.
In Spain, the number of new Chinese cars sold in the country increased from 10,000 to 37,000 last year, according to the national vehicle dealers’ association, Ancove.
Xinhua News Agency correspondents reporting from Barcelona, Spain.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.