ဂျကာတာ ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ အိုမီခရွန် ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါဖြစ်ပွားမှုများ မြင့်တက်လာချိန်တွင် ယင်းမျိုးဗီဇပြောင်းပိုးကြောင့် ပထမဆုံးအကြိမ် သေဆုံးမှု ၂ ခုဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၂ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ပါရီ ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ စာပို့လုပ်ငန်းကုမ္ပဏီသည် ဖေဖော်ဝါရီ ၁ ရက်တွင်စတင်ကျရောက်မည့် တရုတ်နှစ်သစ်ကူးပွဲတော်(ကျားနှစ်) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ကျား”ပုံပါ တံဆိပ်ခေါင်းနှစ်မျိုးကို ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ဝေဖြန့်ချိခဲ့ကြောင်း သိရသည်။
မွန်ဘိုင်း ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ လူနေအဆောက်အအုံတစ်လုံး၌ ဇန်နဝါရီ ၂၂ ရက်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် လူ ၇ ဦး သေဆုံးကာ အခြားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံမှ 5G ဖုန်းများ တင်ပို့ရောင်းချမှု ပမာဏသည် အလုံးရေ ၂၆၆ သန်းရှိခဲ့ပြီး မိုဘိုင်းလ်ဖုန်းဈေးကွက်ကို ဆက်လက် လွှမ်းမိုးထားနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအကယ်ဒမီ (CAICT) မှ ထုတ်ပြန်သော အချက်အလက်များ...
ဂါဇာ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ကာတာနိုင်ငံက ဂါဇာကမ်းမြောင်ဒေသရှိ တစ်ခုတည်းသော လျှပ်စစ်ဓာတ်အားပေးရေးစက်ရုံအတွက် သဘာဝဓာတ်ငွေ့ ပေးပို့ရေး အာမခံထားသော သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပါလက်စတိုင်းဆိုင်ရာ ကာတာနိုင်ငံ သံအမတ်ကြီး Mohammed al-Emadi က ဇန်နဝါရီ ၂၁ ရက်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘူလ်ဂေးရီးယားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့်အတွက် Rumen Radev အား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီ ၂၂ ရက်တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
ဂျကာတာ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ ဘက်ရှိ ကလီမန်တန်ပြည်နယ်ဘာလစ်ပါပန်မြို့၌ ယာဉ်ချင်းဆင့်တိုက်မိမှုများကြောင့် လူလေးဦး သေဆုံးပြီး အခြားသူ ၂၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၂၁ ရက်တွင် ပြောသည်။
လန်ဒန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ယူကေတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်းဗိုင်းရပ်စ် မျိုးကွဲ ကူးစက်မှု ၄၂၆ ဦးရှိခဲ့ပြီး BA.2 ဟု အမည်ပေးထားသည့် အဆိုပါ အိုမီခရွန်ဗိုင်းရပ်စ် ပုံစံသစ်ကို ယူနိုင်တက်ကင်းမ်ဒမ်း (UK) ၌ အတည်ပြုခဲ့ကြောင်း ယူကေ ကျန်းမာရေးဆိုင်ရာ လုံခြုံရေးအေဂျင်စီ (UKHSA)...
ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက လာမည့်လမှစ၍ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော ပြည်တွင်းသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအတွက် ကွာရန်တင်း (quarantine) ကင်းလွတ်ခွင့်ကို ပြန်လည်စတင်မည်ဖြစ်ကြောင်း COVID-19 လုပ်ငန်းအဖွဲ့က ဇန်နဝါရီ ၂၀ ရက်က ကြေညာခဲ့သည်။
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် နည်းပညာ ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုတွင် ကမ္ဘာ့ဈေးကွက်နှင့် စီးပွားရေး လက်ဝါးကြီးအုပ်ခြင်းမှ ရှောင်ရှားရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇန်နဝါရီ ၂၁ ရက်၌ ပြောကြားခဲ့သည်။