Connect with us

Media

တရုတ်နိုင်ငံတောင်ပိုင်း နယ်စပ်ဂိတ်မှတစ်ဆင့် တင်သွင်းမှုများ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတို့တွင် မြင့်တက်

နန်နင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရိုရိကွမ်းနယ်စပ်ဂိတ်က ယခုနှစ် ပထမနှစ်လတာအတွင်း အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှု သိသိသာသာတိုးလာခဲ့ကြောင်း ဒေသန္တရအကောက်ခွန်ရုံးထံမှ သိရသည်။

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ရိုရိကွမ်းနယ်စပ်ဂိတ်မှတစ်ဆင့် အာဆီယံနိုင်ငံများနှင့် စုစုပေါင်း သွင်းကုန်၊ ပို့ကုန်များမှာ ယွမ် ၆၅.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉.၁ ဘီလီယံခန့်) အထိ ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၂၅.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ဆိပ်ကမ်းက သွင်းကုန်၊ ပို့ကုန်စုစုပေါင်း၏ ၉၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

အဆိုပါကုန်ပစ္စည်းများအနက် အာဆီယံနိုင်ငံများမှ စိုက်ပျိုးရေးသွင်းကုန်များမှာ ယွမ် ၁.၅၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁၄ သန်းခန့်) ရှိပြီး အာဆီယံနိုင်ငံများမှ စုစုပေါင်းတင်သွင်းမှုများ၏ ၆.၇ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
Imports via south China border gate hit high in Jan-Feb
The Youyiguan border gate in south China’s Guangxi Zhuang Autonomous Region saw a significant increase in trade with ASEAN countries in the first two months of 2024, according to local customs.
The total imports and exports with ASEAN countries via the Youyiguan border gate in January and February reached 65.6 billion yuan (about 9.1 billion U.S. dollars), up 25.8 percent year-on-year, accounting for 99 percent of the port’s total.
Among the goods, agricultural imports from ASEAN countries amounted to 1.54 billion yuan (about 214 million U.S. dollars), making up 6.7 percent of the total imports from ASEAN countries.
Xinhua News Agency correspondents reporting from Nanning, China.(XHTV)