Connect with us

Media

တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံတကာစီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများ ဖန်တီးပေး

ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အရည်အသွေးရှိကုန်ထုတ်လုပ်မှုအင်အားစုအသစ်များ ဖော်ထုတ်ခြင်းနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းအပေါ် အလေးထားဆောင်ရွက်ခြင်းက ပြည်တွင်းနှင့် ပြည်ပ စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသောအခွင့်အလမ်းများ ဖန်တီးပေးမည်ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူရေးနှင့် တိုးတက်ရေးတွင်လည်း အားကောင်းသော တွန်းအားဖြည့်တင်းပေးလျက်ရှိကြောင်း ထိပ်တန်းစီးပွားရေးစီမံကိန်းအရ သိရသည်။

တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးရှိကုန်ထုတ်လုပ်မှုအင်အားသစ် တိုးတက်မှု မြှင့်တင်ရေး၊ နည်းပညာဆန်းသစ်မှုမှတစ်ဆင့် စက်မှုလုပ်ငန်း တီထွင်ဆန်းသစ်မှုကို တိုးမြှင့်ရေး၊ သမားရိုးကျ စက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရန် တိုးမြှင့်ဆောင်ရွက်ရေးနှင့် ထွန်းသစ်စစက်မှုလုပ်ငန်းများ အားပေးရေးအတွက် ခိုင်မာသော ခြေလှမ်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ပေကျင်းမြို့တွင် မတ် ၂၄ ရက်က ဖွင့်လှစ်ခဲ့သော ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်တွင် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင် အကြီးအကဲ Zheng Shanjie က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးပတ်ဝန်းကျင် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရေး၊ ပိုမိုမြင့်မားသော တံခါးဖွင့်ဝါဒ လိုက်နာကျင့်သုံးရေး၊ နိုင်ငံတကာ သိပ္ပံ-နည်းပညာပူးပေါင်းဆောင်ရွက်မှု အားကောင်းရေးနှင့် ၂၀၂၄ ခုနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်စာရင်းများ ဖော်ထုတ်မှု အရှိန်မြှင့်တင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း Zheng က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………….
(English Version)
China’s high-quality development creates opportunities for int’l businesses
BEIJING, March 24 (Xinhua) — China’s focus on developing new quality productive forces and promoting high-quality development will create great opportunities for businesses both at home and abroad, and inject strong impetus into global economic recovery and growth, according to the country’s top economic planner.
China will take solid steps to accelerate the development of new quality productive forces, boost industrial innovation via technological innovation, speed up upgrading of traditional industries, and foster emerging industries, Zheng Shanjie, head of the National Development and Reform Commission, said at the China Development Forum 2024 that opened in Beijing on Sunday.
Zheng added the country will continue efforts to optimize its business environment, pursue higher-standard opening up, strengthen international sci-tech cooperation, and accelerate the formulation of the 2024 negative list for foreign investment.