Connect with us

Media

တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် BeiDou က နွေဦးရာသီစိုက်ပျိုးရေးအား ကူညီပေး

ဝူးလူမုချီ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ယခုအခါတွင် နွေဦးရာသီစိုက်ပျိုးသည့်အချိန် ဖြစ်သည်။
ဒေသခံလယ်သမားများက စိုက်ပျိုးရေး အချိန်နှင့် လုပ်သားစရိတ် လျှော့ချရေးအတွက် မောင်းသူမဲ့မျိုးကြဲစက်များကို လမ်းညွှန်ရန် BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS)အား အသုံးပြုကြကြောင်း သိရသည်။
ရှင်းကျန်းဒေသက စိုက်ပျိုးရေးနည်းစနစ်များအား ခေတ်မီအောင် လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

ရှင်းကျန်းဒေသက ထွန်ယက်စိုက်ပျိုးခြင်းနှင့် မျိုးကြဲခြင်းတို့တွင် ၁၀၀ ရာခိုင်နှုန်း ၊ ရိတ်သိမ်းမှုတွင် ၈၀ ရာခိုင်နှုန်း စက်မှုလယ်ယာစနစ်သို့ ရောက်ရှိခဲ့ပြီး ဝါဂွမ်းစိုက်ပျိုးရေးတွင် အလုံးစုံ စက်မှုလယ်ယာအချိုးအစား ၉၄ ရာခိုင်နှုန်း ရောက်ရှိခဲ့ကြောင်း ဒေသ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဌာနထံမှ သိရသည်။ (Xinhua)

…………………………….
(English Version)
BeiDou aids spring farming in Xinjiang
It’s spring farming time in northwest China’s Xinjiang Uygur Autonomous Region.
Local farmers use the BeiDou Navigation Satellite System (BDS) to guide unmanned seeders to reduce the time and labor cost of farming.
Xinjiang has been keeping modernizing its farming process.
According to the region’s agricultural and rural affairs department, Xinjiang reached 100 percent mechanization in plowing and seeding, 80 percent in harvesting, and an overall mechanization rate of 94 percent in cotton farming.
Xinhua News Agency correspondents reporting from Urumqi, China.(XHTV)