Connect with us

Media

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ထားသည့် လေအားလျှပ်စစ်စီမံကိန်း အပြည့်အဝ လုပ်ငန်းလည်ပတ်လျက်ရှိ

ဒါကာ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရုတ်ကုမ္ပဏီများ၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်သည့် ပထမဆုံး ဗဟိုက ထိန်းချုပ်ထားသော လေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် ကော့ဘဇားလေအားလျှပ်စစ်စက်ရုံက နောက်ဆုံး လေစွမ်းအင်သုံး မီးစက် တပ်ဆင်ပြီးနောက် မတ် ၂၄ ရက်တွင် အပြည့်အဝ လုပ်ငန်းလည်ပတ်မှု စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါလေအားလျှပ်စစ်စီမံကိန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်၌ တည်ရှိပြီး တရုတ်နိုင်ငံ State Power Investment Corp. (SPIC) ၏ ကုမ္ပဏီခွဲ Wuling Power Corp က ရင်းနှီးမြှုပ်နှံကာ PowerChina Chengdu Engineering Corp က တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
Chinese-funded wind power project fully put into operation in Bangladesh
The Cox’s Bazar wind plant, the first centralized wind power project in Bangladesh funded and built by Chinese companies, became fully operational on Sunday with the installation of the last wind-driven generator.
The wind power project, located in Bangladesh’s southeastern Cox’s Bazar district, some 400 km away from the capital Dhaka, is invested by Wuling Power Corp., a subsidiary of China’s State Power Investment Corp. (SPIC), and built by PowerChina Chengdu Engineering Corp.
Xinhua News Agency correspondents reporting from Dhaka.(XHTV)