Connect with us

News

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၌ သူခိုးများက ပေ ၆၀ ရှည်လျားသောတံတားကို ခိုးယူ

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ် ၏ Darbhanga ခရိုင်တွင် ရေနစ်မြုပ်နေသည့် လယ်ကွင်းအား၂၀၂၀ပြည့်နှစ်၊ သြဂုတ် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-- Str/Xinhua)

နယူးဒေလီ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ သတ္တုသူခိုးများက စွန့်ပစ်ထားသည့် ပေ ၆၀ ရှည်လျားသော သံမဏိတံတားတစ်စင်းကို အပိုင်းပိုင်းဖြတ်၍ ခိုးယူသွားကြောင်း တာဝန်ရှိသူများက ဧပြီ ၉ ရက်တွင်ပြောသည်။တန်ချိန် ၅၀၀ လေးလံသော အဆိုပါတံတားကို ဘီဟာပြည်နယ်၏ မြို့တော်ဖြစ်သော Patna မြို့၏ အနောက်တောင်ဘက် ၁၁၉ ကီလိုမီတာအကွာရှိ Rohtas ခရိုင် ရှိ Amiyawar ကျေးရွာမှ ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

တံတား၏ သံမဏိဘောင်ကို ဖြတ်ရန် အကြီးစား စက်ယန္တရားများနှင့် ဓာတ်ငွေ့ဖြတ်စက်များကို အသုံးပြုခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ တံတားအားအပိုင်းပိုင်း ဖြတ်ပြီးနောက် သူခိုးများက အပိုင်းအစများကို ယာဉ်များပေါ်သို့ တင်ဆောင်သွားခဲ့ကြောင်း သိရသည်။

သူခိုးများသည် ရွာသားများအစီရင်ခံသည့်အတိုင်း စက်မှုဌာနမှ အရာရှိများအဖြစ် အယောင်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံဆည်မြောင်းဌာနမှ အငယ်တန်းအင်ဂျင်နီယာ Arshad Kamal Shamshi က မီဒီယာများသို့ ပြောကြားခဲ့သည်။

Shamshi ၏ ပြောကြားချက်အရ တံတားကြီးခိုးယူခံရမှုအပေါ် ၎င်း၏ဌာနက ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။အဆိုပါ ပျက်စီးနေသော တံတားကို ၁၉၇၂ ခုနှစ်တွင် Ara တူးမြောင်းပေါ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်တွင် ကွန်ကရစ်တံတားတစ်စင်း အပြိုင် ဖွင့်လှစ်ခဲ့ပြီးသည့်နောက် ရွာသားများက ယင်းတံတားအား အသုံးပြုခြင်း မရှိတော့ကြောင်း သိရသည်။ (Xinhua)
———————–
(English Verson)
Thieves steal 60-feet bridge in India’s Bihar
NEW DELHI, April 9 (Xinhua) — Scrap metal thieves in the eastern Indian state of Bihar stole an abandoned 60-feet steel bridge, officials said Saturday.
The bridge, reportedly weighing 500 tonnes, was stolen from Amiyawar village in Rohtas district, about 119 km southwest of Patna, the capital city of Bihar.
According to locals, heavy machines and gas cutters were used to chip off the steel frame of the bridge. Following the dismantling of the structure, the scrap was loaded onto vehicles.
Arshad Kamal Shamshi, a junior engineer with the local irrigation department told the media that the thieves were pretending as mechanical department officials as villagers reported.
According to Shamshi, his department has filed a case with the police over the theft.
Reports said the dilapidated bridge was built on the Ara Canal in 1972 and villagers had stopped using it after a parallel concrete bridge was thrown open five years ago. Enditem