Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
၂၀၁၅ ခုနှစ်သည် အာဆီယံ အသိုက်အဝန်း ဖြစ်မြောက် ရန်အရေးကြီး အဆင့်သို့ ရောက်ရှိဟု တရုတ် -အာဆီယံရေးရာ ပညာရှင်က ပြောကြား - Xinhua News Agency
Connect with us

Economy

၂၀၁၅ ခုနှစ်သည် အာဆီယံ အသိုက်အဝန်း ဖြစ်မြောက် ရန်အရေးကြီး အဆင့်သို့ ရောက်ရှိဟု တရုတ် -အာဆီယံရေးရာ ပညာရှင်က ပြောကြား

တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နန်နင်းမြို့တွင် ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

တရုတ်-အာဆီယံ ရေးရာ ပညာရှင် ရွှီနင်းနင်း(Xu ningning)က ၂၀၁၅ ခုနှစ်သည် အာဆီယံ အသိုက်အဝန်း အတွက် အရေးကြီးသည့် အပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ကြီးမားသော စိန်ခေါ်မှု တစ်ရပ်ကို ရင်ဆိုင်ရမည် ဖြစ်ကြောင်းပြော ကြားခဲ့သည်။

တရုတ်-အာဆီယံ ကုန်သွယ်ရေးအသင်း ဥက္ကဌ ရွှီနင်းနင်း က၂၀၁၅ နှစ်တွင် အာဆီယံဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အဓိက ကိစ္စနှစ်ရပ်ကို ပြီးမြောက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ၎င်းတို့မှာ အာဆီယံ စီးပွားရေး အသိုက်အဝန်း တည်ဆောက်ရေးနှင့် အာဆီယံ ဦးဆောင်သည့် ဒေသတွင်း ဘက်စုံပူးပေါင်းရေး သဘောတူညီချက် (RCEP) အပြီးသတ် ဆွေးနွေးမှု ဖြစ်သည်။ ထိုသို့သမိုင်းတွင်စေနိုင်မည့် ကိစ္စနှစ်ရပ် ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမှာ မလွယ်ကူကြောင်း ပြောကြားခဲ့သည်။

အာဆီယံအသိုက်အဝန်း ဖော်ဆောင်ရာတွင် လုံခြုံရေး ၊ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး အားလုံးပေါင်း စည်း ရမည်ဖြစ်သည်။ အစီအစဉ်အရ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ရက်တွင် အပြီးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်တွင် အာဆီယံအနေဖြင့် ၂၀၀၉-၂၀၁၅ အာဆီယံ အသိုက်အဝန်း လမ်းပြမြေပုံ ၏ ကျန် ရှိသောအပိုင်းများအား ပြီးမြောက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။လက်ရှိတွင် လုပ်ငန်း ပြီးမြောက်ရန် (၁၀) ရာခိုင်နှုန်းခန့်ကျန်ရှိနေသေးကြောင်း ၊ဆောင်ရွက်ရန် ကျန်ရှိသော အပိုင်းများသည် ခက်ခဲသော အပိုင်းများဖြစ်ကြောင်း၊ ယခုနှစ် တွင် အာဆီယံအနေဖြင့် အခွန် သတ်မှတ်ချက်များ တပြေးညီ ဖြစ်ရန်ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှု စည်းမျဉ်းများ သတ်မှတ်ခြင်း၊ ငွေကြေးလုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ အာမခံချက် ရှိရန်ဆောင်ရွက်ခြင်း၊ ဒေသတွင်း ငွေကြေးလုပ်ငန်း များ၏ အတားအဆီး များကိုဖြေရှင်းခြင်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အာဆီယံအနေဖြင့် အာဆီယံ ပေါင်းစည်းမှု လမ်းစဉ် (IAI)အား ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် အာဆီယံဒေသနှင့် နိုင်ငံတကာ၏ တိုးတက်မှုပမာဏ ကွာဟမှုအား အနည်းဆုံးဖြစ်ရန် ဆောင်ရွက်ရမည်။ အာဆီယံ ပေါင်းစပ် ဆက်သွယ်မှု မဟာစီမံကိန်း (MPAC) ဆောင်ရွက် ခြင်းဖြင့် အာဆီယံနိုင်ငံ အတွင်းရှိ လူထုများ ပိုမိုပေါင်းစည်း ဆက်သွယ်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရွှီနင်းနင်း က အာဆီယံအသိုက်အဝန်း ဆောင်ရွက်မှု ပြီးမြောက်ပါက အာဆီယံ နိုင်ငံများကို များစွာအကြိုး ပြုမည်ဖြစ်ကြောင်း၊၂၀၁၅ ခုနှစ် နှစ်ကုန်သည် အာဆီယံ တိုးတက်ရေး အတွက် ခရီးအသစ်တစ်ခု ဖြစ်ကြောင်း၊ အာဆီယံသည် ၂၀၂၅ခုနှစ် အထိ တိုးတက်ရေးစီမံကိန်းများ ရေးဆွဲနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မလေးရှား ဝန်းကြီးချုပ်နာကျစ် က ဖေဖော်ဝါရီ ၁၂ရက်တွင် အာဆီယံသည် နောင် ၁၀ နှစ်တွင် ကမ္ဘာ၏ (၇) ခုမြောက် အင်းအားကြီး စီးပွားရေး အသိုက်အဝန်းဖြစ်ပေါ်လာမည်ဟုပြောကြားခဲ့သည်။ စုစုပေါင်း GDP တန်ဖိုးမှာလည်း ၂၀၂၀ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀၀ အထိရောက်ရှိမည်ဟုပြောကြားခဲ့ သည်။ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀၀ သည် လက်ရှိ GDP ၏ နှစ်ဆဖြစ်ကြောင်းသိရှိရပါသည်။ (Xinhua)