Connect with us

Economy

စီးပွားရေး ပေါင်းစည်းမှု ပိုမိုလုပ်ဆောင်ရန် အာဆီယံ စီးပွားရေး ဝန်ကြီး များ တွေ့ဆုံ ဆွေးနွေး

၂၀၁၄ အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု အစည်းအဝေး ကြော်ငြာဆိုင်းဘုတ်ပုံ (ဆင်ဟွာ)

မလေးရှား၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

အရှေ့တောင် အာရှ အဖွဲ့ဝင် ၁၀ နိုင်ငံ မှ စီးပွားရေး ဝန်ကြီး များသည် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ထူထောင်ရန် နှစ်ရက်ကြာ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက် တွင် စတင်ခဲ့သည်။

AEC သည် နိုင်ငံပေါင်း ၁၀ နိုင်ငံ၏ စီးပွားရေး ပေါင်းစည်းရေးကို ဖော်ဆောင်မည် ဖြစ်သည်။

အစည်းအဝေး တက်ရောက်သူ များ၏ ပြောပြချက်အရ နှစ်စဉ် ကျင်းပသည့် ယခု အစည်းအဝေး သည် မလေးရှားတွင် ပြုလုပ်ပြီး ယခုနှစ် ဒီဇင်ဘာ ၃၁ ရက် တွင် အပြီးသတ် အကောင်အထည် ဖော်မည့် အာဆီယံ စီးပွားရေး အသိုက်အဝန်းကို ပိုမို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ရေး ဆွေးနွေး နိုင်ရန် ရည်ရွယ် ကြောင်း ဆိုသည်။

ပုဂ္ဂလိက အခန်းကဏ္ဍကို ထောက်ခံ ပြီး AEC ဒေသတွင်း ကုန်သွယ်မှု များတွင် အတားအဆီး မရှိစေရန် စသည့် အချက်များကို အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

AEC ၏ အဓိက ရည်မှန်းချက်မှ နိုင်ငံတကာ ပြိုင်ဘက်များပါ အာဆီယံ ဒေသများတွင် ရင်းနှီးမြှုပ်နှံ စေရန် ရည်ရွယ်ထားသည်။

စီးပွားရေး ပညာရှင် တချို့ကမူ AEC အတွက် များစွာသော စိန်ခေါ်မှုများ ရှိသည် ဟု ပြောသည်။ မတူညီသည့် အခွန်နှုန်းထားများ၊ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု များတွင် မတူညီသည့် ဥပဒေများ သာမက အကြီးမားဆုံး မတူညီမှုမှာ အတိုးနှုန်းများ နှင့် အာဆီယံထုတ် ငွေကြေး မရှိခြင်း တို့ဖြစ်ကြောင်း ထောက်ပြ ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117