Connect with us

ASEAN

မြန်မာနိုင်ငံ အခြေအနေနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ချုံချင့်၊ ဇွန် ၈ ရက်(ဆင်ဟွာ)

လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇွန်(၇)ရက်တွင် ကျင်းပသည့် တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး နှစ်(၃၀)ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများအထူးအစည်းဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။ဝမ်ရိက မြန်မာနိုင်ငံသည် အာဆီယံမိသားစုဝင်ဖြစ်ရာ မြန်မာနိုင်ငံ၏ပြည်တွင်းရေးပြဿနာတွင် အာဆီယံ၏ အပြုသဘောဆောင်သည့် ကောင်းမွန်သော ပါဝင်ဖြေရှင်းမှုကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း၊ အာဆီယံမူဘောင်အောက်တွင် “သဘောတူညီချက်(၅)ရပ်ကို” အကောင်အထည်ဖော်ဆောင်ရွက်လာရန် ထောက်ခံကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်တောတောင်ရေမြေချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံဖြစ်ရာ မြန်မာနိုင်ငံ၏အခြေအနေသည် တရုတ်နိုင်ငံ၏အကျိုးစီးပွားနှင့်တိုက်ရိုက်သက်ဆိုင်မှုရှိကြောင်း၊ တရုတ်နိုင်ငံသည်လည်း အလားတူ မြန်မာနိုင်ငံ၏အခြေအနေကို အထူးဂရုပြုလျက်ရှိရာ မိမိနည်းလမ်းဖြင့် အပြုသဘောဆောင်ကာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး တည်ထောင်မှု နှစ်(၃၀)ပြည့် အခမ်းအနား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတက်ရောက်နေသည်ကို ဇွန် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံအရေးကိစ္စအပေါ် ရပ်တည်ချက်နှင့် သဘောထားအမြင်သည် အာဆီယံနှင့် ယေဘုယျအားဖြင့် တူညီရာ မိမိတို့အနေဖြင့် အာဆီယံနှင့်အတူ မြန်မာနိုင်ငံဘက်ပေါင်းစုံအား ပြည်သူ့အကျိုးစီးပွားကို အဓိကထားကြရန်၊ တည်ငြိမ်စွာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ အကြမ်းဖက်မှုမျိုးစုံ မရှိစေရန် အတူတကွ တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံကလည်း အခြေခံဥပဒေနှင့်တရားဥပဒေမူဘောင်အောက်တွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ကာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ပြန်လည်စတင်ကြရန် အတူတကွ အားပေးပါကြောင်း၊ မြန်မာနိုင်ငံတွင် ကပ်ရောဂါပြန့်ပွားမှုအခြေအနေကို တားဆီးရန် ပြည်သူ့ကျန်းမာရေးအသက်အိုးအိမ်စည်းစိမ်အတွက် ကပ်ရောဂါတိုက်ဖျက်ရေး ကူညီပံ့ပိုးမှုများ အတူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည်နိုးထလာစေရန်၊ပြည်သူလူထုစားဝတ်နေရေး ကောင်းမွန်လာစေရန်၊ အခြေခံလူထု၏အကျိုးစီးပွား အာမခံချက် ရရှိစေရန် အတူပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ဖက်သတ်ပိတ်ဆို့မှုနှင့်မလျော်ညီသည့်စွက်ဖက်မှုများ မဖြစ်ပွားစေရန် ကုလသမဂ္ဂပဋိညာဉ်၏ ရည်ရွယ်ချက်နှင့်အခြေခံမူများကို နိုင်ငံအသီးသီးက လိုက်နာကြရန် အတူ တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အဆိုပါ ”သဘောတူညီချက်(၅)ရပ်”သည် တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများ၏ အစွမ်းကုန် ဆောင်ရွက်ပေးမှုဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း အထူးအရေးကြီးကြောင်း၊ အပြန်အလှန်ဆက်စပ်မှုရှိသလို တစ်ချိန်တည်းတွင် အတူဆောင်ရွက်ရမည့်အရာဖြစ်ကြောင်း၊ လက်ရှိတွင်ဆောင်ရွက်ရမည့်အရာဖြစ်သလို ရေရှည် စဉ်းစားရှုမြင်ရမည့်အရာလည်းဖြစ်ပြီး နှစ်ဖက်စလုံးက သဘောတူ၊ကြိုးပမ်းရမည့် ဦးတည်ချက်လည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
…………………………………………
(Chinese Version)

王毅谈缅甸局势

新华社重庆6月7日电(记者刘恩黎、黄伟)国务委员兼外长王毅7日在主持纪念中国-东盟建立对话关系30周年特别外长会时阐述了中方关于当前缅甸局势的原则立场。
王毅表示,缅甸是东盟大家庭一员,中方支持东盟为妥善处理缅国内问题发挥建设性作用,支持在东盟框架下逐步落实“五点共识”。中国也是缅甸山水相连的近邻,缅甸局势直接关乎中国利益。中国同样对缅局势高度关注,愿继续以自己的方式发挥建设性作用。
王毅说,中方与东盟在缅甸问题上的立场和看法总体一致,我们愿继续配合东盟,共同推动缅各方以人民利益为重,保持冷静克制,消除各类暴力;共同鼓励缅各方在宪法和法律框架下开展政治对话,重启民主转型进程;共同向缅提供抗疫帮助,遏制缅疫情蔓延势头,保障民众生命健康;共同支持缅复苏经济、改善民生,确保基层民众权益;共同敦促各国恪守《联合国宪章》宗旨和原则,避免单边制裁和不当介入。王毅说,上述“五个共同”既是中国-东盟力所能及,又对缅十分重要;既相互关联,又并行不悖;既着手当下,又放眼长远。应成为双方共识和努力方向。(完)

新华社照片,重庆,2021年6月7日
王毅出席纪念中国-东盟建立对话关系30周年特别外长会
6月7日,纪念中国-东盟建立对话关系30周年特别外长会在重庆举行。国务委员兼外长王毅和中国-东盟关系协调国菲律宾外长洛钦共同主持,东盟其他成员国外长和东盟秘书长出席。
新华社记者黄伟摄