Connect with us

China

တရုတ် စတော့ရှယ်ယာ ငါးရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်

တရုတ်နိုင်ငံရှိ စတော့ဈေးနှုန်းများ ပြန်လည် မြင့်တက်လာမှုကို ရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ် စတော့ ရှယ်ယာဈေးကို ယနေ့ အစောပိုင်းတွင် အနိမ့်ဈေးနှင့် ဖွင့်ခဲ့သော်လည်း ညနေပိုင်းမှာတော့ ငါးရာခိုင်နှုန်းကျော် ဈေးပြန်လည် မြင့်တက်ပြီး ဈေးကွက် ပိတ်သိမ်းခဲ့ပါသည်။

ရှန်ဟိုင်း ဈေးကွက် ညွှန်းကိန်းတွင် ၅.၇၆ ရာခိုင်နှုန်း၊ စန်းကျန့် ဈေးကွက် ညွှန်းကိန်းတွင် ၄.၂၅ ရာခိုင်နှုန်း၊ ChiNext ညွှန်းကိန်းတွင်တော့ ၃.၃ ရာခိုင်နှုန်း စသဖြင့် အသီးသီး ပြန်လည် မြင့်တက် လာခဲ့ကြောင်း သိရပါသည်။

တရုတ် စတော့ ရှယ်ယာ ဈေးနှုန်းများ ကျဆင်းခဲ့သည်မှာ သုံးပတ် ဆက်တိုက်ရှိနေပြီး ယနေ့ ( ကြာသ ပတေးနေ့) တွင်တော့ အစိုးရက စတော့ဈေး ထပ်မံ မထိုးကျစေရန် ထောက်ပံ့မှု ပေါ်လစီသစ် တစ်ခု ချမှတ်ခဲ့ပါသည်။

တရုတ် နိုင်ငံတော် ဗဟိုဘဏ်မှ ငွေကြေးဈေးကွက် အတွင်း ယွမ် ၃၅ ဘီလီယံ ဖြည့်စွက် ပေးခဲ့ကြောင်း ယနေ့ မှာ ထုတ်ပြန် ကြေညာခဲ့ပါသည်။ ဒါဟာ အစိုးရက ဈေးကွက်အတွင်း ငါးကြိမ်မြောက် ငွေကြေး ဖြည့်စွက် ပေးခဲ့ ခြင်းဖြစ်သည်။ နောက်ပိုင်းတွင်လည်း ဗဟိုဘဏ်မှ ငွေကြေး ဈေးကွက် တည်ငြိမ်စေရန် ထောက်ပံ့မှု နည်းလမ်းသစ်များကို ဆက်ပြီး ထောက်ပံ့ရန် ရှိကြောင်း သိရပါသည်။ (Xinhua)