Connect with us

China

စင်ကာပူနဲ့ ပူးတွဲ ပရောဂျက်သစ် လုပ်ဆောင်ဖို့ တရုတ်ဝန်ကြီးချုပ် စိတ်ဝင်စား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ညာ) နှင့် စင်ကာပူသမ္မတ တိုနီ တန်ကန်ယမ် (ဘယ်) တို့ ဇူလိုင်လ ၃ ရက်နေ့ ပေကျင်းမြို့တွင် လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နှင့်စင်ကာပူ နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်မည့် ပရောဂျက် သစ်တစ်ခု တရုတ်နိုင်ငံမှာ အကောင်အထည် ဖော်ဖို့ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က သောကြာနေ့မှာ ပြောကြားသည်။

စင်ကာပူသမ္မတ တိုနီ တန်ကန်ယမ် (Tony Tan Keng Yam) နှင့် တွေ့ဆုံသည့် အစည်းအဝေးမှာ လက်ရှိ ပူးပေါင်း ဆောင်ရွက်နေတဲ့ ပရောဂျက် နှစ်ခု အပေါ် အခြေခံပြီး တရုတ်နိုင်ငံ အနောက်ဘက်မှာ တတိယမြောက် ပရောဂျက်ကို လုပ်ဆောင်ဖို့ လီက သူ့ရဲ့မျှော်လင့်ချက်ကို ပြောပြခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ဒေသ၊ Suzhou စက်မှုဇုန်နဲ့ တရုတ်နိုင်ငံ မြောက်ပိုင်း Tianjn ဆိပ်ကမ်းမြို့ရှိ Tianjn စီးပွားရေးမြို့ တို့သည် လက်ရှိ နှစ်နိုင်ငံကြား လုပ်ဆောင်နေသည့် ပရောဂျက် နှစ်ခုဖြစ်သည်။

တရုတ်-စင်ကာပူ လွတ်လပ်သော ကုန်သွယ်မှုဇုန် အဆင့်မြှင့်တင်ရေး နှစ်နိုင်ငံအကြား ဆွေးနွေး နိုင်လိမ့်မည်လို့ လီက မျှော်လင့်ပါသည်။

အာဆီယံ အသိုက်အဝန်း၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုအဖွဲ့အစည်းနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍများတွင် တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ စင်ကာပူနဲ့ လက်တွဲပြီး တရုတ်-အာဆီယံ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့် လုပ်ဆောင်သွားဖို့ တရုတ်နိုင်ငံက အဆင်သင့် ရှိကြောင်း လီက ပြောကြား ခဲ့ပါသည်။

စင်ကာပူ နိုင်ငံကလည်း ပူးပေါင်း ဆောင်ရွက်မှု ဧရိယာများနှင့် နည်းလမ်းသစ်များ ထပ်ဖြည့်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အသစ်တွေ အတွက် အဆင်သင့် ရှိနေကြောင်း၊ နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်း ေဆောင်ရွက်မှု ပရောဂျက် အသစ်တွေ ပေါ်ပေါက်လာစေရန် အရှိန်မြှင့် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားကြောင်း စင်ကာပူ သမ္မတ တန်က ပြောပါသည်။ အာဆီယံ မူဘောင်တွေအတွင်း အာဆီယံ-တရုတ် ဆက်ဆံရေး တိုးတက်မှုမှာ စင်ကာပူအနေနဲ့ တက်ကြွတဲ့ အခန်းကဏ္ဍ ကနေပါဝင်ဖို့ ဆန္ဒရှိကြောင်း ဆိုပါသည်။
တရုတ်နိုင်ငံ ဘက်ကတော့ မဟာဗျူဟာနှင့် ရေရှည်ဆက်ဆံရေး သွားဖို့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး အစီအစဉ်တွေ အတွက် အဆင်သင့်ဖြစ်နေပြီလို့ လီကဆိုပါသည်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးသည် ယခုနှစ်တစ်ဝက်အထိ တည်ငြိမ်မှုကို ထိန်းထားနိုင်ပြီး စီးပွားရေး အရှိန် ပိုကောင်းလာခြင်း၊ စက်မှုလုပ်ငန်းနှင့် ဆိုင်သော အဆောက်အအုံတွေ ဆောင်ရွက်ပေးနိုင်ခြင်း၊ အနာဂတ် စီးပွားရေး ကြီးထွားမှု အလားအလာကောင်းတွေ အများကြီး ရှိနေပါသည်ဟု လီက ပြောကြားခဲ့သည်။ (Xinhua)