Connect with us

Local

ငွေကြေးဖောင်းပွမှုများ နဲ့ နှုတ်ဆက်ခဲ့သည့် ၂၀၁၅

ရန်ကုန်မြို့ စတော့အိတ်ချိန်း ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဒီဇင်ဘာ၂၉ ရက် (ဆင်ဟွာ)

၂၀၁၅ တွင် မြန်မာ့ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နှစ်အလိုက် ပြည်ပရင်းနှီးမြှုပ်နှံမှု အနေဖြင့် နိုဝင်ဘာလ ကုန်အထိ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၃၉၄၃.၁ မီလီယံ ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ စာရင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် မှ တာဝန်ရှိသူ ဒေါက်တာစိုးထွန်းက “ ၂၀၁၅ ကတော့ ထူးခြားတာဆိုရင် ဒေါ်လာဈေးတက်ပြီး ငွေကြေးဖောင်းပွမှုဖြစ်ခဲ့တယ်။ ၂၀၁၅ မှာ ငွေကြေးဖောင်းပွမှု နှုန်းကို ကျွန်တော်တို့ အပြင်မှာ တွက်ကြည့်တဲ့အခါ ၃၀ ရာခိုင်နှုန်း နဲ့ အထက် ဖောင်းပွခဲ့တယ်။ ဒုတိယအချက်က အိမ်ခြံမြေ တန်ဖိုးကျတဲ့ အချက်ရှိတယ်။ တတိယ အချက်ကတော့ နိုင်ငံခြားခရီးသွားတွေ အများဆုံးလာတဲ့ နှစ်ဖြစ်တယ်။’’ ဟု ဆင်ဟွာကို ပြောသည်။

ရန်ကုန် စတော့အိတ်ချိန်းသည် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများ၏ ဆက်လုပ်နေသည့် လုပ်ငန်းစဉ်များတွင် ၂၀၀၈ ခုနှစ်တွင် ပြန်လည် အသက်ဝင်လာကာ ၂၀၁၅ ခုနှစ်တွင်မှု စတော့အိတ်ချိန်း အကောင်အထည် ပေါ်လာခဲ့သည်။ ၎င်း စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ်တွင် ပြည်တွင်းတွင် စိတ်ဝင်စားမှု မြင့်တက်မူ သိပ်မရှိသော်လည်း နိုင်ငံတကာမှ စိတ်ဝင်တစားစောင့်ကြည့်ခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ဒီဇင်ဘာလ နောက်ဆုံးပတ်များတွင် ဗဟိုဘဏ်မှ ဒေါ်လာဖွင့်ဈေးက တစ်ဒေါ်လာကို ၁၃၀၀ ကျပ် အထက် နှင့် ဈေးဖွင့်ခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းတွင် လက်ရှိဈေးနှုန်းများသည် အမြင့်ဆုံးဈေးဖြစ်ပြီး ဗဟိုဘဏ်၏ ဝက်ဘ်ဆိုက်တွင် ငွေကြေးဖောင်းပွမှုနှုန်း ၅.၄၈ ရာခိုင်နှုန်း ရှိကြောင်း ထုတ်ပြန်ထားသည်။ GDP တိုးတက်မှုနှုန်းသည် ၈.၇၀ ရာခိုင်နှုန်းရှိကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာလ ၂၉ ရက်တွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာကို ၁,၃၁၀ ကျပ်ဖြင့်ဈေးဖွင့်ခဲ့သည်။

ရန်ကုန် ဆိပ်ကမ်းရှိ ကုန်သေတ္တာများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ ငွေလဲလှယ်ရေး စင်တာတစ်ခုရှိ ဒေါ်လာ နှင့် ကျပ်ငွေများ တွေ့ရစဉ် (ဆင်ဟွာ)

ဒေါ်လာဈေးကွက်ကိုစောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “ဗဟိုဘဏ်မှာ အရံငွေကြေး နည်းနေတယ်။ အာရှဘဏ်ကပြောထားတာက ငွေကြေးဖောင်းပွမှုနှုန်း က ဒီနှစ်မြန်မာနိုင်ငံက ၁၃.၅ ရာခိုင်နှုန်းလောက်ရှိတယ် လို့ပြောထားတယ်။ အပြင်မှာ တွက်တာကကြတော့ ၃၀ ရာခိုင်နှုန်းကြားမှာ ငွေဖောင်းပွမှုနှုန်းရှိတယ်။ စံချိန်တင်ဒေါ်လာဈေးဖြစ်တယ်။ ဘတ်ဂျက်လိုငွေ ပြတယ်။” ဟုဆင်ဟွာကိုပြောသည်။

မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုသည် ၂၀၁၄ ခုနှစ် သြဂုတ်လမှ ၂၀၁၅ ခုနှစ် ဇူလိုင်လ အထိ တစ်နှစ်အတွင်း ငွေကြေး ဖောင်းပွနှုန်းမှာ ၁၀ % ရှိခဲ့ပြီး၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ငွေကြေး ဖောင်းပွနှုန်းသည် ၁၁.၃ % အထိ တက်လာမည်ဟု ခန့်မှန်း ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုသတ္တုလုပ်ငန်းကဏ္ဍတွင် ယခုနှစ် နိုဝင်ဘာလ အထိ ဒေါ်လာ၂.၂ မီလီယံ၊ ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၆၈၅.၈ မီလီယံ၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ၄၇ မီလီယံ ၊ ရေနံ နှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၂၀၄၉.၂ မီလီယံ၊ ပို့ဆောင်ရေးနှင့် လူမှုဆက်ဆံရေးကဏ္ဍ တွင် ဒေါ်လာ ၇၃၆.၇ မီလီယံ၊ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၅၇.၈ မီလီယံ၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၂၃၉.၆ မီလီယံ၊ စက်မှုကဏ္ဍ တွင် ဒေါ်လာ ၁၀ မီလီယံ၊ တခြားဝန်ဆောင်မှုကဏ္ဍများတွင် ဒေါ်လာ ၁၁၄.၈ မီလီယံ ရင်းနှီးမြှုပ်နှံမှုှုများ ရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ှုမှာ ၃၉၄၃.၂ မီလီယံဒေါ်လာရှိကြောင်း မြန်မာ့ ရင်းနှီးမြှုပ်နှံမှုှုကော်မရှင်မှ ထုတ်ပြန်သည့် စာရင်းအရသိရသည်။
နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုှုတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုှု အများဆုံးဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့်စာရင်းအရ တရုတ်နိုင်ငံမှ ဒေါ်လာ၁၅,၄၁၃ မီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၆.၅ ရာခိုင်နှုန်းရှိခဲ့သည်။ စကာၤပူနိုင်ငံမှ ဒေါ်လာ ၁၀၉၄၁.၄ မီလီယံ ရင်းနှီးမြှုပ်နှံမှုရှိခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၈.၉ ရာခိုင်နှုန်း ရှိခဲ့သည်။ ထိုင်းနိုင်ငံ မှ ဒေါ်လာ ၁၀၂၉၇.၃ မီလီယံ ရင်းနှီးမြှုပ်နှံမှု ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၁၇.၇ ရာခိုင်နှုန်းရှိခဲ့သည်။ နိုင်ငံပေါင်း ၄၁ နိုင်ငံအား ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခဲ့ပြီး နိုင်ငံအလိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း မှာ ဒေါ်လာ၅၈၁၈၀.၅ မီလီယံ ရှိကြောင်း သိရသည်။
စီးပွါးရေးပညာရှင် ဦးကျော်ဝင်းက “F.D.I ကတော့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် က ထုတ်ပြန်တဲ့စာရင်းအရ ရင်းနှီးမြှုပ်နှံမှုှုစာရင်းက မလျှော့ပေမယ့် Cash Flow (တကယ်အကောင်အထည်ဖော်တဲ့ အပိုင်း) လျှော့နည်းခဲ့တဲ့အတွက် ငွေကြေးဖောင်းပွမှု ရှိခဲ့တာဖြစ်တယ်။’’ ဟု ဆင်ဟွာကိုပြောသည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အနေဖြင့် ယခုနှစ်တွင် ဆန်စပါး မှာ ဈေးကောင်းရခဲ့ကြောင်းသိရသည်။ ဆန်စပါး ဈေးနှုန်းမှာ ယခင် နှစ် နှင့်ယှဉ်လျှင် ရာခိုင်နှုန်း ၂၀ မှ ၃၀ လောက်အထိ မြင့်တက်ခဲ့ကြောင်း ဒေါက်တာစိုးထွန်းက ပြောသည်။ ၂၀၁၅ နှင့် ကြွေးမြီမြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်ရှိ ပြည်ပ ကြွေးမြီ အခြေအနေမှာ ၁၉၈၈ ခုနှစ် မတိုင်မီ ရယူခဲ့သည့် ချေးငွေ အမေရိကန် ဒေါ်လာ ၄.၂၆၆ ဘီလီယံ ရှိပြီး ၁၉၈၈-၁၉၈၉ မှ ၂၀၁၀-၂၀၁၁ အထိ စာချုပ် ချုပ်ဆိုခဲ့သည့် ချေးငွေမှာ အမေရိကန် ဒေါ်လာ ၃.၃၃၁ ဘီလီယံ ဖြစ်ကာ ၂၀၁၁-၂၀၁၂ နောက်ပိုင်း စာချုပ် ချုပ်ဆိုခဲ့သည့် ချေးငွေ အမေရိကန် ဒေါ်လာ ၁.၅၀၂ ဘီလီယံ ရှိပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၉.၀၉၉ ဘီလီယံခန့်ရှိနေကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က နိုဝင်ဘာလ ၃၀ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့သည်။
ပြည်ပ ကြွေးမြီမှာ အမေရိကန် ဒေါ်လာ ၉.၀၉၉ ဘီလီယံခန့်ရှိနေသော်လည်း ပြည်ပ ချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်း/လုပ်ငန်း၏ အကောင်အထည် ဖော်မှု အလိုက် ချေးငွေများ ထုတ်ယူ သုံးစွဲခြင်း ၊ အရင်း ပြန်လည် ပေးဆပ်ခြင်းနှင့် ငွေလဲလှယ်နှုန်း ပြောင်းလဲခြင်း တို့ကြောင့် ပြည်ပ ကြွေးမြီ စာရင်း ပမာဏ ပြောင်းလဲမှု ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၏ ပြောကြားချက် အရသိရသည်။ကုန်သွယ်မှုလိုငွေပြ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် ၁-၄-၂၀၁၅ မှ ၂၃-၁၀-၂၀၁၅ ထိ ပထမ ခုနှစ်လ အတွင်း ပို့ကုန် တင်ပို့နိုင်မှု အခြေအနေမှာ အမေရိကန် ဒေါ်လာ ၆,၇၀၅ သန်း၊ သွင်းကုန်တင်သွင်း နိုင်မှု အခြေအနေ အမေရိကန် ဒေါ်လာ ၈,၈၉၈ သန်း ဖြစ်သဖြင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၅,၆၀၃ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၂,၁၉၂ . ၆၅၉ သန်း ပြနေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အိမ်ခြံမြေ ဈေးနှုန်းများကျဆင်း၂၀၁၅ ခုနှစ် တွင် အိမ်ခြံမြေဈေးနှုန်းများ ဆက်တိုက်ကျဆင်းခဲ့ပြီး မြို့နယ်ပေါ်မူတည်ပြီး ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ရွှေစံမြတ်အိမ်ခြံမြေ အထွေထွေဝန်ဆောင်မှု လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးချစ်ကပြောသည်။
ဦးမျိုးချစ်က “ ၂၀၁၄ တုန်းက ကျပ်သိန်း ၃၀,၀၀၀ ကျော်လောက်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ခြံတွေ အိမ်တွေဟာ ၂၀၁၅ ထဲမှာ ကျပ်သိန်း ၂၀,၀၀၀ ကျော်တောင် အဝယ်မရှိတာမျိုးတွေ ဖြစ်ခဲ့တယ်။ တောင်ဥက္ကလာ တို့ မြောက်ဒဂုန် တို့ ဘက်တွေမှာဆိုရင် အရင် ကျပ်သိန်း ၄၀၀၀ လောက်ခေါ်တဲ့နေရာတွေက ကျပ်သိန်း ၂၀၀၀ ကျော်လောက်နဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်’’ ဟု ဆင်ဟွာကိုပြောသည်။

၂၀၁၅ ခုနှစ်ထဲတွင် အိမ်ငှားဈေးကွက်ပါ အေးစက်သွားခဲ့ကြောင်း သိရသည်။ ဆောက်လုပ်ရေး အချို့ ကြိုပွိုင့် အရောင်းဝယ်လက်မရှိသည့် အတွက် ရပ်နားခဲ့ရကြောင်း သိရသည်။

ရွှေဈေးစံချိန်တင်ကျဆင်း၂၀၁၅ ခုနှစ် တွင် ကမ္ဘာ့ရွှေဈေးကျဆင်းပြီး ဒေါ်လာဈေး မြင့်တက်မှုကြောင့် ရွှေဈေးနှုန်း စံချိန်တင်ကျဆင်းခဲ့သည်။ ရွှေဈေးနှုန်းသည် တစ်ကျပ်သားကို ကျပ် ၈၀၀,၀၀၀ ဝန်းကျင်မှ နှစ်ကုန်ခါနီးတွက် ကျပ်၇၀၀,၀၀၀ စွန်းစွန်းလောက်အထိ ကျဆင်းခဲ့ကြောင်း ကောင်းစံရွှေဆိုင်ရှင် ဦးမျိုးကျော်ကျော်ထံမှ သိရသည်။
စောင့်ကြည့်ခံ ၂၀၁၅စီးပွါးရေးပညာရှင် ဦးကျော်ဝင်းက “ ၂၀၁၅ က ရွေးကောက်ပွဲ ကာလလည်း ရှိတဲ့ အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှု အပါအဝင် လုပ်ငန်းရှင် အများစုက စောင့်ကြည့် ခဲ့ကြတယ်။ ဒါကြောင့် စီးပွါးရေးက တချို့ကဏ္ဍတွေမှာ အနည်းငယ်တုန့်ဆိုင်းမှုရှိခဲ့တယ်’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.