Connect with us

Local

ကျောက်ဖြူ အထူး စီးပွားရေးဇုန် အဖြစ် သတ်မှတ် ကြေညာသည့် အမိန့် ကြေညာစာ ထုတ်ပြန် နိုင်ရေး ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ကျောက်ဖြူ အထူး စီးပွားရေးဇုန် အဖြစ် သတ်မှတ် ကြေညာသည့် အမိန့် ကြေညာစာ ထုတ်ပြန် နိုင်ရေး ကိစ္စအား ယနေ့ဒီဇင်ဘာ ၂၉ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ထောက်ခံ ဆန္ဒမဲ အများအပြားဖြင့် အတည်ပြုခဲ့သည်။

နိုင်ငံတော် သမ္မတထံမှ ပေးပို့သည့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် အဖြစ် သတ်မှတ်နိုင်ရေးကိစ္စ နှင့်စပ်လျဉ်း၍ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ရှင်းလင်း တင်ပြခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များ ပါဝင် ဆွေးနွေး ခဲ့ပြီးနောက် ယနေ့လွှတ်တော် အစည်းအဝေးတွင် ထောက်ခံမဲ ၄၂၄ မဲ ၊ ကန့်ကွက်မဲ ၂၃ မဲ ဖြင့် ထောက်ခံ ဆန္ဒမဲ အများဖြင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် အဖြစ် သတ်မှတ် ကြေညာသည့် အမိန့် ကြေညာစာ ထုတ်ပြန် နိုင်ရေး ကိစ္စအား လွှတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန် အဖြစ် သတ်မှတ်နိုင်ရေး ကိစ္စ နှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် လုပ်ဆောင်သည့် ၄ နှစ်တာ ကာလအတွင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အနေဖြင့် ရင်းနှီး တည်ဆောက် သူများကို နိုင်ငံတကာ စံချိန် စံညွှန်းများ နှင့်အညီ အိတ်ဖွင့်တင်ဒါ ခေါ်ယူသည့် လုပ်ငန်းစဉ်၏ နောက်ဆုံး အဆင့်ဖြစ်သည့် တင်ဒါ ရလဒ်အား ကြေညာရမည့် နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန်တွင် အကောင်အထည် ဖော်မည့် ရေနက် ဆိပ်ကမ်း စီမံကိန်း၊ စက်မှုဇုန် စီမံကိန်း နှင့် အဆင့်မြင့် အိမ်ရာ စီမံကိန်းများ တည်ထောင်နိုင်ရေး အတွက် လိုအပ်သည့်မြေ ၄,၂၈၉ . ၃၂ ဧက နေရာသည် ၂၀၁၄ ခုနှစ် မြန်မာ အထူး စီးပွားရေးဇုန် ဥပဒေအခန်း (၆) ပုဒ်မ ၁၂ ပါ အထူး စီးပွားရေးဇုန် တည်ထောင်ရန် လိုအပ်သည့် အခြေခံအချက် (၈) ချက်စလုံး ပြည့်စုံသဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် နယ်နိမိတ် ဧရိယာအဖြစ် သတ်မှတ် အကောင်အထည် ဖော်နိုင်ရန်အတွက် နိုင်ငံတော် သမ္မတထံမှ ပေးပို့သည့် အထူး စီးပွားရေးဇုန် အဖြစ် သတ်မှတ် ကြေညာသည့် အမိန့် ကြေညာစာ ထုတ်ပြန်နိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပေးနိုင်ပါရန် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.