Connect with us

Local

မြန်မာနိုင်ငံရှိ SMEs လက်တွေ့ကျကျ ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျုဟာများ ချမှတ်မည်

SME လုပ်ငန်း တစ်ခု ဖြစ်သည့် ထီးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရှိ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ(SMEs) လက်တွေ့ကျကျ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်မည့် မဟာဗျုဟာများ ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ သိရသည်။

နိုင်ငံ၌ SMEs ဖွံ့ဖြိုး တိုးတက်ရန် မူဝါဒ ၊ ဥပဒေ နှင့် နည်းဥပဒေများ ရှိပြီးသား ဖြစ်ရာ မူဝါဒ နှင့် ကိုက်ညီမည့် မဟာဗျုဟာ လိုအပ်နေကြောင်း UMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူး ဖြစ်သူ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်း နှင့် စက်မှု ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းက ပြောကြားခဲ့သည်။

ထိုကဲ့သို့မဟာဗျုဟာ ရှိမှလည်း SME များ လက်တွေ့ကျကျ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်သည့် အစီအစဉ်များ ချမှတ် ရေးဆွဲ အကောင်အထည် ဖော်ပြီး တကယ့် လက်တွေ့ SME ဖွံ့ဖြိုး တိုးတက်ရေး ဆီသို့ရောက်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

UMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူး ဖြစ်သူ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်း နှင့် စက်မှု ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းက ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်း(SME) စုစုပေါင်း ၁၂၀,၀၀၀ ကျော်ခန့် ရှိပြီး မှတ်ပုံ မတင်ရသေးသော SME လုပ်ငန်း များစွာ ကျန်နေသေးကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ SME အရေအတွက်မှာ အခြား ဖွံ့ဖြိုးဆဲ နိုင်ငံ ၊ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါး နေသေးကြောင်း ဒေါက်တာ အောင်သိန်းက ပြောသည်။

ထို့ကြောင့် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးကြီးသော မဟာဗျုဟာများ ချမှတ် နိုင်ရန် SMEs Development Strategy “Issues & Solutions” Forum ကို မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဦးဆောင်၍ ဇူလိုင် ၂၇ ၊ ၂၈ ၊ ၂၉ ရက်များတွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

ဖိုရမ်သည် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ နှင့် ပတ်သတ်၍ သက်ဆိုင်သူများ အားလုံး ပါဝင်၍ တက်ရောက် ဆွေးနွေးသည့် ဖိုရမ် တစ်ခု ဖြစ်ရန် ရည်ရွယ်ကြောင်း SME ကော်မတီ ဥက္ကဋ္ဌက ပြောသည်။

ထိုဖိုရမ်တွင် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျုဟာ အတွက် ကိစ္စများ နှင့် အဖြေရှာခြင်းများအား အဓိကထား၍ ဆွေးနွေးသွားရန် ရှိပြီး ကဏ္ဍ အလိုက် ဖြစ်သည့် ကုန်ထုတ်လုပ်မှု ကဏ္ဍ ၊ ကုန်သွယ်မှု ကဏ္ဍ ၊ ဝန်ဆောင်မှု ကဏ္ဍ ၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြု SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ၊ စွန့်ဦး တီထွင် SME လုပ်ငန်းသစ်များ လွယ်ကူ လျင်မြန်စွာ ဖြစ်ထွန်းလာရေး ၊ SME လုပ်ငန်းများ ငွေကြေး အရင်းအနှီး ရရှိရေး တို့အား ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.