နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၂၀ ရက် မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် ၂၀၁၆ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်မျက်နှင့် ကျောက်စိမ်းများ ယူရို ၃၂၇ ဒသမ ၆၉ သန်းဖိုး ရောင်းချနိုင်ခဲ့သည်ဟု ကျောက်မျက်ပြပွဲ...
နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်နှင့် ဂေဟစနစ် ယိုယွင်း ပျက်စီးမှုကို တုံ့ပြန်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အလွန် အရေးကြီးသည်ဟု မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်က ယနေ့နံနက်ပိုင်း တွင် ပြောခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်ပစ္စည်းများကို အရည်အသွေး စစ်ဆေးရန် ကုန်သွယ်ဖက် နိုင်ငံများ၏ ဆိပ်ကမ်း များ၌ စစ်ဆေးရေး အဖွဲ့များ (Inspection Team) ကို လာမည့်နှစ်အတွင်း စတင်ထားရှိရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ ၁၀၅မိုင် ကုန်သွယ်ရေးဇုန်သည် လက်နက်ကိုင်အဖွဲ့ များနှင့် ထိတွေ့တိုက်ခိုက်မှုများပြီးနောက် နိုဝင်ဘာ ၂၅ ရက်က အမေရိကန် ဒေါ်လာ ၁သန်းနီးပါးခန့် ကုန်သွယ်နိုင်ခဲ့ကြောင်း မူဆယ်ကုန်သွယ်ရေးဇုန်ထံမှ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဟိုတယ်နှင့် တည်းခိုခန်းများကို ကမ္ဘာ့လှည့် ခရီးသည်များအတွက် နိုင်ငံတကာ အခြေခံစံနှုန်းမီ ဖြစ်စေရန် မြို့နယ်စည်ပင်များနှင့် ညှိနှိုင်း ဆောင်ရွက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) MACCS စနစ်အသုံးပြု ဆောင်ရွက်မှုအပေါ် အကောက်ခွန်ကြေညာလွှာတစ်စောင်လျှင် MACCS Fee အဖြစ် ၃၀,၀၀၀ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေးလာခြင်းကို သွင်းကုန်ပို့ကုန် လုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်းရှင်များ သိရှိစေရန် တင်ပြအပ်သည် ကုန်သည်စက်မှုအသင်းချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဒေါ်လာ ဈေးဟာ တစ်ဒေါ်လာကို ၁၂၈၇ ကျပ်မှ တစ်ဒေါ်လာကို ၁၃၁၅ ကျပ် အထိဈေးဆက်တိုက် တက်လာခဲ့ပြီး ယနေ့ ပေါက်ဈေးသည် ၂၀၁၆ ခုနှစ် တွင် အမြင့်ဆုံးဈေးဖြစ်ကြောင်း ဒေါ်လာဈေးကွက်မှ သိရပါသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရားဝင်စာရင်းဇယားများအရ မြန်မာနိုင်ငံ လူဦးရေ၏ ၄၇ ရာခိုင်နှုန်းသည် ချေးငွေရယူမှုရှိ ကြကြောင်း၊ ထိုသို့ချေးငွေ ရယူသူများထဲမှ ၁၈ ရာခိုင်နှုန်းသည် တရားဝင်ငွေချေးမှုလုပ်ငန်းအား သုံးကြပြီး၊ ၂၉ ရာခိုင်နှုန်းသည် တရားမဝင်နည်းလမ်းဖြင့် သုံးကြကြောင်း GIZ ၏ National Expert...
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ၊ FMM-MATRADE Export Acceleration Mission ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၂၂ရက် တွင် လာရောက်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ရက် (ဆင်ဟွာ) ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ကုန်သည်စက်မှု အသင်းချုပ်(UMFCCI) နှင့် ကိုရီးယား နိုင်ငံတကာ ကုန်သွယ်ရေးအသင်း (KITA) တို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။