Connect with us

Local

အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင် စနစ်ဖြင့် နှစ်လတာ အတွင်း ကုမ္ပဏီ အသစ် ၄ ထောင်ကျော် မှတ်ပုံတင်ထား

ပုဂ္ဂလိက ကဏ္ဍ ဖွံ့ ဖြိုး တိုးတက်ရေး ကော်မတီ နှင့် မြန်မာ့ စီးပွားရေး လုပ်ငန်း ရှင်များ ပုံမှန် တွေ့ ဆုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ၀န်ကြီး ဦးစိုးဝင်း ရှင်းလင်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင် စနစ်ဖြင့် သြဂုတ်လ နှင့် စက်တင်ဘာလ နှစ်လတာ အတွင်း ကုမ္ပဏီ အသစ် ၄၁၁၀ ခု မှတ်ပုံတင်ထားပြီး ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ယနေ့အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

ယခုအခါတွင် ကုမ္ပဏီ အသစ် မှတ်ပုံတင်မှုသည် နေ့စဉ် ၇၀ ဝန်းကျင် ရှိကြောင်း ၊ ၂၀၁၇ ခုနှစ် အတွင်း မှတ်ပုံတင်မှုသည် တစ်လ ပျှမ်းမျှ ၇၀၀ နှင့် ၈၀၀ ခန့်ရှိရာ ယခုဆိုလျှင် အွန်လိုင်း မှတ်ပုံတင် စနစ်ဖြင့် တစ်လလျှင် ၂ ထောင် ဝန်းကျင်ခန့်မှတ်ပုံတင်လျှက် ရှိသည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ နှင့် မြန်မာ့ စီးပွားရေး လုပ်ငန်း ရှင်များ ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယခုနှစ် သြဂုတ် ၁ ရက်မှ စတင်၍ အသက်ဝင်ခဲ့သည့် အီလက်ထရောနစ် မှတ်ပုံတင် စနစ် ကျင့်သုံးပြီး သြဂုတ်လ နှင့် စက်တင်ဘာလ နှစ်လ အတွင်း ကုမ္ပဏီ အဟောင်းများ ပြန်လည် မှတ်ပုံတင်တာ ၁၄၆၉၁ ရှိပြီး နေ့စဉ် ကုမ္ပဏီ ၂၅၀ ခန့်ရုံးသို့လာရောက်ရန် မလိုဘဲ အီလက်ထရောနစ် စနစ်ဖြင့် ပြန်လည် မှတ်ပုံတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်မှစ၍ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အာဏာ တည်ခြင်းနှင့်အတူ ကုမ္ပဏီ ဆိုင်ရာ မှတ်ပုံတင်ခြင်းကိစ္စရပ်များအား အီလက်ထရောနစ် မှတ်ပုံတင် စနစ် Myanmar Companies Online (MyCO) ဖြင့် ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် မြန်မာနိုင်ငံ ကုမ္ပဏီ များ ဥပဒေ ၂၀၁၇ အရ လည်းကောင်း၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်အရ လည်းကောင်း ရှင်းလင်း လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်နှင့် မှတ်ပုံတင် အထောက်အထားများ ခိုင်မာမှုရှိစေရန် ကုမ္ပဏီ မှတ်ပုံတင် စနစ်သစ်(MyCO) အား တည်ထောင်အသုံးပြုလျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117