ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) မြန်မာ ပင်လယ်ငါးများကို လာမည့်နှစ်အတွင်း တရုတ်နိုင်ငံ ရေလုပ်ငန်းရှင်များက ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၈ရက် (ဆင်ဟွာ) ယနေ့ နိုဝင်ဘာ ၈ ရက်ဆိုလျှင် ရွေး ကောက်ပွဲ တစ်နှစ်ပြည့်ပြီ ဖြစ်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )ပါတီ အစိုးရအဖြစ် တာဝန်လွှဲယူတာ ခုနစ်လကျော်သည့်အချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ကောင်းမွန်လာဖို့ ဆိုပါက တစ်နိုင်ငံလုံးလွှမ်းခြုံမည့် စီးပွားရေးမူဝါဒ ကို ပြတ်ပြတ်သားသားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နားလည်သည့်...
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) စီးပွားရေးလုပ်ငန်းရှင် လူငယ်များ စနစ်တကျ မွေးထုတ်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းသစ်များ ဖော်ထုတ်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်လျက် ကုန်သည်စက်မှုအသင်းချုပ် နှင့် CIESF တို့ ပူးပေါင်း၍ Myanmar Business Model ပြိုင်ပွဲကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ကုန်သည်စက်မှုလက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၂၁ ရက်ထိ ၆လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ နှစ်ရပ်ပေါင်း တန်ချိန် ၅၅၉၆၄၉ ဒသမ ၀၈၀ တင်ပို့ခဲ့ကြောင်း တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး...
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရာ ပထမအကြိမ် နိုင်ငံခြားဘဏ် ၉ ဘဏ်နှင့်ဒုတိယအကြိမ် နိုင်ငံခြားဘဏ် ၄ ဘဏ် စုစုပေါင်း ၁၃ ဘဏ်ခွင့်ပြု ခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်က ပြောကြားသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ စီးပွားတိုးတက်ရေးအတွက် ကုန်သွယ်မှု အခြေအနေများ ကောင်းမွန်လာစေရန် ကုန်စည်ဆိုင်ရာ အရည်အသွေးနှင့် စံချိန်စံညွှန်း သတ်မှတ်မှုများ လိုအပ်ရုံသာမက မလိုအပ်သည့် အပို ကုန်ကျမှုများကို အနိမ့်ဆုံး အထိ လျှော့ချပေးရန် အထူး လိုအပ်သည်ဟု နိုင်ငံတော် ဒုတိယ သမ္မတ...
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၂၁ ရက် အထိ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုမှာ တန်ချိန် ၅၃၀၀၉၃ ဒသမ ၂၃၃ တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ကုန်သေတ္တာတင် ကွန်တိန်နာယာဉ် ကြီးများကို နိုဝင်ဘာ ၁ရက်နေ့မှစပြီး အချိန်အကန့်အသတ်ဖြင့်သာ ဝင်ရောက်ပြေးဆွဲရန် ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း ညှိုနှိုင်းဆွေးနွေးမှု မပြီးပြတ်သေးသဖြင့် နိုဝင်ဘာလလယ်သို့ ရွှေ့ဆိုင်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ကုန်သည်စက်မှုအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့သစ် ဖြစ်သည့် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ဦးဆောင်သည့် ကုန်သည်စက်မှုအသင်းချုပ် ၂၀၁၆-၂၀၁၉ သက်တမ်းအတွက် ရွေးချယ်ခံ အလုပ်အမှုဆောင်အဖွဲ့သစ်သည် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးအပြီးတွင် အသင်းချုပ်တာဝန်များကို စတင်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း ကုန်သည်စက်မှုလက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တောင်သူလယ်သမားများ၏ စပါးဈေးနှုန်းများ ကျဆင်းမှုအတွက် အစိုးရအနေဖြင့် ပံ့ပိုးမှုများ ဆောင်ရွက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။