Connect with us

Local

အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်ရသည့် ကုမ္ပဏီ နှစ်ခုအား ထပ်မံ အသိပေး ကြေညာ

အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်ရှိသည့် ကုမ္ပဏီ ၂ ခုအား ထပ်မံ အသိပေး ကြေညာချက်အား တွေ့ ရစဉ်(ဓာတ်ပုံ-DICA)

ရန်ကုန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ အနက် အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်ရှိသော ကုမ္ပဏီ ၅၉ ခု ရှိရာမှ ယခုအခါ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၂ ခုအား အစုရှယ်ယာ ရောင်းချခွင့် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထပ်မံ အသိပေး ကြေညာခဲ့သည်။

အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်ရှိကြောင်းထပ်မံ အသိပေး ကြေညာခဲ့သည့် ကုမ္ပဏီ ၂ ခုမှာ အမတ ဟိုး(လ်)ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက် နှင့် တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက် တို့ဖြစ်ကြောင်း သိရသည်။

ယခု ထပ်မံ ခွင့်ပြုလိုက်သည့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၂ ခု အပါအဝင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၆၁ ခု မှလွဲ၍ ကျန်မည်သည့် စီးပွားရေးလုပ်ငန်းမျှ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့် မရှိကြောင်း နှင့် အများ ပြည်သူ သို့ အစု ရှယ်ယာရောင်းချရန် ထပ်မံခွင့်ပြုသော ကုမ္ပဏီများရှိလာပါက ၎င်းကုမ္ပဏီများ၏ စာရင်းကို ဆက်လက် အသိပေး ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အသိပေး ကြေညာခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ နှင့်အညီ ဖွဲ့စည်း မှတ်ပုံတင် ထားသော အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ အနက် အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်ရှိသော ကုမ္ပဏီ ၅၅ ခု စာရင်းအား ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၈ ရက်တွင် လည်းကောင်း ၊ ထပ်မံ၍ ခွင့်ပြု ခဲ့သော ကုမ္ပဏီ ၄ ခု စာရင်းအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် လည်းကောင်း ကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.