Business
မြန်မာနိုင်ငံက ဧပြီလတွင် အထည်ချုပ်ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၃၈၄ သန်းရရှိ

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ကCMP စနစ်ဖြင့် ယခုနှစ် ဧပြီလအတွင်း အထည်ချုပ်လုပ်ငန်းထုတ်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၈၄ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ မေ ၁၀ ရက်တွင်ပြောသည်။

ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူများကို ၂၀၂၃ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူများကို ၂၀၂၃ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံမှ အဝတ်အထည်များကို နယ်စပ်မှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့်တင်ပို့နိုင်ခဲ့ပြီး ပင်လယ်ရေကြောင်းမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၁၈၄ သန်းခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှချုပ်လုပ်ထားသော အဝတ်အထည်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် တရုတ်နိုင်ငံအပါအဝင် ထိုင်းနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ နှင့် ဂျပန်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံကြကြောင်း သိရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အိတ်များ၊ အားကစားဝတ်စုံများ၊ အားကစားဖိနပ်များနှင့် ခြေအိတ်များထုတ်လုပ်သည့် စက်ရုံပေါင်း ၇၀၀ ရှိပြီး ၎င်းတို့အနက် အထည်ချုပ်စက်ရုံ ၅၀၅ ရုံနှင့် ခြေအိတ်စက်ရုံပေါင်း ၄၈ ရုံ ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းမှ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၀၀,၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အထည်ချုပ်လုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ (Xinhua)