Connect with us

Business

မြန်မာနိုင်ငံတွင် ဧပြီလ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၃၇.၆၇ ရာခိုင်နှုန်း ကျဆင်း

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်တခု တွင် အလုပ်လုပ်နေကြသော အလုပ်သမားများကို ၂၀၂၃ ခုနှစ်၊ မေ ၁၂ ရက် ကတွေ့ရစဉ် (ဆင်ဟွာ)
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)
 
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ၂၀၂၃ခုနှစ်ဧပြီလတွင် အမေရိကန်ဒေါ်လာ ၃.၇၃ သန်းကျော်ရှိခဲ့ပြီး ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၇.၆၇ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ မေ ၂၀ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်တခု တွင် အလုပ်လုပ်နေကြသော အလုပ်သမားများကို ၂၀၂၃ ခုနှစ်၊ မေ ၁၂ ရက် ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်တခု တွင် အလုပ်လုပ်နေကြသော အလုပ်သမားများကို ၂၀၂၃ ခုနှစ်၊ မေ ၁၂ ရက် ကတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဧပြီလ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅.၉၉ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း DICA မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။
 
၂၀၂၃ ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တစ်ခုသာ ခွင့်ပြုခဲ့ပြီး အဆိုပါ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ကိန်းဂဏန်းများအရ သိရသည်။
 
မြန်မာနိုင်ငံသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှ အမေရိကန်ဒေါ်လာ ၁.၆၄ ဘီလီယံကျော် ဝင်ရောက်ခဲ့ပြီး၊ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အဆိုပါကာလအတွင်း မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံကြကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)
 
Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117