Connect with us

Economy

တရုတ်-ဥရောပ ကုန်တင်ရထား ခရီးစဉ်များ ဧပြီလတွင် မြင့်တက်

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်-ဥရောပ ကုန်တင်ရထား အရေအတွက်မှာ ဧပြီလတွင် ၁,၂၁၈ စီးပြေးဆွဲခဲ့ပြီး ယခင်နှစ်ကထက် ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မေ ၁၈ ရက်၌ ထုတ်ပြန်ခဲ့သော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) မှ အချက်အလက်များ၌ ဖော်ပြထားသည်။ကုန်တင်ရထားများသည် လွန်ခဲ့သည့်လက ခန့်မှန်းခြေ ကုန်ပစ္စည်းကွန်တိန်နာ ၁၁၇,၀၀၀ twenty-foot equivalent ယူနစ်ခန့်ရှိခဲ့ကြောင်း၊ မနှစ်ကထက် ၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့်ငါးနှစ်အတွင်း ရထားလမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများအတွက် အခြေခံအဆောက်အအုံ ကွန်ရက်ချိတ်ဆက်မှု လွယ်ကူချောမွေ့အောင် ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းမှုရှိခဲ့သဖြင့် ရထားဝန်ဆောင်မှုများသည် ကမ္ဘာတစ်ဝန်း လူသိများမှုမြင့်တက်လာခြင်းဖြစ်ကြောင်း NDRC ၏ ပြောရေးဆိုခွင့်ရှိသူ Jin Xiandong က ပြောခဲ့သည်။

ယခုအချိန်အထိ တရုတ်-ဥရောပ ကုန်တင်ရထား အရေအတွက် စုစုပေါင်းမှာ ၃၈,၀၀၀ စီးရှိခဲ့ကြောင်းနှင့် twenty-foot equivalent unit ရှိသော ကွန်တိန်နာ ၃.၄ သန်း သယ်ယူပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရထားဝန်ဆောင်မှုဖြင့် တင်ပို့ခဲ့သော ကုန်စည်များမှာ ဥရောပနိုင်ငံ ၂၂ နိုင်ငံရှိ မြို့ပေါင်း ၁၅၁ မြို့သို့ ရောက်ရှိခဲ့ပြီး ယင်းဒေသတစ်ခုလုံးတွင် ထောက်ပံ့သယ်ပို့ကွန်ရက် လွှမ်းခြုံလျက်ရှိကြောင်း သိရသည်။ (Xinhua)

#China, #Europe, #FreightTrain, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #ဥရောပ, #ကုန်တင်ရထား, #ဆင်ဟွာ

——————————————————-
(English Version)

Rare Siberian tiger released back into wild in NE China

BEIJING, May 18 (Xinhua) — A rare wild Siberian tiger was successfully released back into the wild in northeast China’s Heilongjiang Province on Tuesday, according to the National Forestry and Grassland Administration.

This is the first time that China has rescued a wild Siberian tiger and released it to its natural habitat, according to a wildlife expert.

The tiger strayed into a village in Heilongjiang on April 23 and injured a local. Thereafter, it was captured and transferred to a local animal breeding center.

Siberian tigers, also known as Amur or Manchurian tigers, mainly inhabit eastern Russia, northeast China, and the northern part of the Korean Peninsula. The species are on the national first-class protection list in China. Enditem
Siberian tigers play during wild training at the Siberian Tiger Park in Harbin, capital of northeast China’s Heilongjiang Province, Jan. 28, 2018. (Xinhua/Wang Zhaobo)