Connect with us

China

စက်ရုပ်တီထွင်အသုံးချမှုက အရည်အသွေးရှိသော ကုန်ထုတ်စွမ်းအားသစ်များကို အားကောင်းစေ

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံအတွင်း ပညာရေးစက်ရုပ်အကြောင်း ရှင်းပြနေမှုအား ဩဂုတ် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံ (WRC 2024) အား “အသိဉာဏ်ရှိသော အသိုက်အဝန်းအတွက် အရည်အသွေးရှိသော ကုန်ထုတ်စွမ်းအားသစ်များ ပူးပေါင်းအားပေးမြှင့်တင်စို့” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့သည်။
ဆန်းသစ်တီထွင်မှုက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခြင်းဖြင့် အရည်အသွေးရှိ ကုန်ထုတ်စွမ်းအားသစ်က သမာရိုးကျ စီးပွားရေးတိုးတက်မှုပုံစံနှင့် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းများမှ ခွဲထွက်လာသည့် အဆင်မြင့်ကုန်ထုတ်စွမ်းအားကို ဆိုလိုခြင်း ဖြစ်သည်။
ယင်းတို့တွင် ဖွံ့ဖြိုးတိုးတက်မှုအယူအဆသစ်နှင့်အညီ နည်းပညာအဆင့်မြင့်မှု ၊ စွမ်းဆောင်ရည် မြင့်မားမှုနှင့် အရည်အသွေးမြင့်မားမှုတို့ ပါရှိသည်။
“ဒီယာဉ်က ၁၂ နာရီကြာ အဆိုင်း ဒါမှမဟုတ် အဆက်မပြတ်လုပ်ကိုင်တာတွေလိုမျိုး ဝန်ချီသယ်ယူပို့ဆောင်ရေးနဲ့ ရေရှည်လုပ်ငန်းတွေစတဲ့ အခြေအနေတွေအတွက် ထုတ်လုပ်ထားတာပါ။ ကျွန်တော်တို့တွေအနေနဲ့ ဝယ်ယူသူတွေကို သူတို့ရဲ့ လက်တွေ့ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ပြီးတော့ သူတို့ရဲ့ လုပ်ငန်းတာဝန် တွေကို ပိုပြီး ထိထိရောက်ရောက်နဲ့ ပြီးစီးနိုင်အောင် ကူညီပေးနိုင်ပါတယ်” ဟု KUKA AMR ထုတ်ကုန်မန်နေဂျာ FELIX WANG က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အီလက်ထရောနစ်နည်းပညာစက်ရုပ်ကုမ္ပဏီ စက်ရုပ်အင်ဂျင်နီယာစင်တာမှ ဒုတိယညွှန်ကြားရေးမှူး FAN CHUNHUI က “ကျွန်တော်တို့တွေအနေနဲ့ အခုချိန်မှာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အသုံးချမှုတွေကို အဓိကထားပါတယ်။ အထူးသဖြင့်ကတော့ ခေတ်မီကုန်သိုလှောင်တဲ့ စနစ်တွေမှာပဲ ဖြစ်ပါတယ် ။ ကုန်ပစ္စည်းမပို့ခင် စတင်တာ ၊ အမှတ်အသားပြုလုပ်တာ ၊ တံဆိပ်ကပ်တာ ၊ ထုတ်ပိုးတာနဲ့ တခြားလုပ်ငန်းတွေမှာ စက်ရုပ်တွေကို အစားထိုးနိုင်ပါတယ်။ အခုအခါမှာ တရုတ်နိုင်ငံက လူသားသဏ္ဌာန်တူ စက်ရုပ်တွေကို အရည်အသွေးရှိတဲ့ ကုန်ထုတ်စွမ်းအားသစ်တွေအတွက် မောင်းနှင်တဲ့ ကိရိယာတစ်ခုအနေနဲ့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် အနာဂတ်မှာ အရည်အသွေးရှိတဲ့ ကုန်ထုတ်စွမ်းအားသစ်တွေကို ကိုယ်စားပြုတဲ့အနေနဲ့ လူသားသဏ္ဌာန်တူစက်ရုပ်တွေက စက်မှုလုပ်ငန်းတွေကို လုံးဝဥဿုံ ပြောင်းလဲပစ်နိုင်ဖွယ် ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
“အခုချိန်မှာ စက်ရုပ်တွေကို သေတ္တာတွေကို ရွှေ့ပြောင်းတာမျိုးတွေ ဒါမှမဟုတ် အရည်အသွေး စစ်ဆေးတာမျိုးစတဲ့ လုပ်ငန်းတွေ ပြီးစီးအောင် အသုံးပြုနေကြပါတယ်။ အထူးသဖြင့် သေတ္တာတွေကို ရွှေ့တာမျိုးတွေမှာ လေးလံတဲ့ဝန်တွေကို အမြဲတမ်းရွှေ့နေတာကနေ လူတွေ ထိခိုက်နစ်နာစေမယ့် အန္တရာယ်ကို ကင်းဝေးစေပါတယ်။ လူသားသဏ္ဌာန်တူစက်ရုပ်တွေက ပိုပြီး မြန်ဆန်လာရင် အနာဂတ်မှာ ကုန်ထုတ်လုပ်စွမ်းအားက တိုးလာနိုင်ပါတယ်”ဟု UBTECH ကုမ္ပဏီ လူသားသဏ္ဌာန်တူစက်ရုပ် ထုတ်လုပ်ရေးမန်နေဂျာ SOTIRIOS STASINOPOULOS က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက စက်မှုလုပ်ငန်းသုံးစက်ရုပ်များအတွက် ကမ္ဘာ့အကြီးဆုံးဈေးကွက်အဖြစ် ၁၁ နှစ်ဆက်တိုက် ရပ်တည်ခဲ့ကြောင်း စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MIIT) တာဝန်ရှိသူတစ်ဦးက ၂၀၂၄ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံ(WRC 2024)၌ ပြောကြားခဲ့သည်။
လွန်ခဲ့သော သုံးနှစ်အတွင်း တရုတ်နိုင်ငံ၏ စက်ရုပ်အသစ်တပ်ဆင်မှုက ကမ္ဘာ့ဈေးကွက်၏ ထက်ဝက်ကျော် ရှိလာချိန်တွင် နိုင်ငံ၏ စက်မှုလုပ်ငန်းသုံးစက်ရုပ်ထုတ်လုပ်မှုက ၄၃၀,၀၀၀ အထိ ရောက်ရှိလာခဲ့ကြောင်း ၂၀၂၃ ခုနှစ် အချက်အလက်များအရ သိရသည်။
“နိုင်ငံတွေအားလုံးက AI က လုပ်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေကို အသုံးပြုဖို့ စိတ်အားထက်သန်နေကြတယ်လို့ ထင်ပါတယ်။ သေချာတာကတော့ တရုတ်နိုင်ငံက ဒါတွေကို ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ဘယ်လိုအသုံးပြုရမလဲ ဆိုတာအတွက် အကောင်းဆုံး ဥပမာ ဖြစ်ပါတယ်။ ပြီးတော့ အကောင်းဆုံးဖြစ်အောင် နည်းလမ်းရှာကြည့်မယ် ဆိုရင်လည်း ကုန်ကြမ်းနည်းနည်းနဲ့ ပိုထုတ်နိုင်မယ်ဆိုရင် အကျိုးဖြစ်ထွန်းပါတယ်။ တရုတ်နိုင်ငံမှာက တီထွင်ဆန်းသစ်မှုနဲ့ မူပိုင်ခွင့် ဘယ်လောက်များများ လုပ်ထားပြီးပြီလဲ။ ဒါက အတော်ကို အဆင့်မြင့်ပါတယ်”ဟု euRobotics သုတေသနဒုတိယဥက္ကဋ္ဌ JUHA RONING က ပြောကြားခဲ့သည်။
“စာရင်းအင်းကိန်းဂဏန်းတွေအရ ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံက စက်ရုပ်တွေ အများဆုံး အသုံးပြုသူ ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုပ်တွေကို ပိုပြီးတော့ ကုန်ထုတ်လုပ်ရေးမှာ ပေါင်းစပ်အသုံးပြုလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံအတော်များများမှာ ကုန်ထုတ်လုပ်ရေးအလုပ်တွေ လုပ်ကိုင်ဖို့ အလုပ်သမား ရှာဖွေရတာ အခက်အခဲရှိတယ်ဆိုတာကို သိပါတယ်။ ဒါကြောင့် စေ့ဆော်မှုတွေ အများကြီး ရှိတယ် ။ စက်ရုပ်တွေ ဝင်လာဖို့ အကြောင်းပြချက်တွေ အများကြီး ရှိပါတယ်။ တရုတ်နိုင်ငံမှာ ဒီလိုမျိုးတွေပဲ တွေ့ရလိမ့်မယ် ထင်ပါတယ်။ အဲဒါက ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်”ဟု ETH Zurich စက်ရုပ်နှင့် ဉာဏ်ရည်ဉာဏ်သွေး စနစ်များဆိုင်ရာ ပါမောက္ခ BRADLEY NELSON က ပြောကြားခဲ့သည်။
“အခုအခါမှာ တရုတ်နိုင်ငံက စက်ရုပ်တီထွင်အသုံးချမှုနည်းပညာမှာ ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်လာပါပြီ ။ တစ်ခြားနိုင်ငံတွေအနေနဲ့ အခု တရုတ်နိုင်ငံမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို သေသေချာချာ လေ့လာပြီးတော့ အမှီလိုက်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ခေတ် တီထွင်ဆန်းသစ်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုက ဈေးကွက်ကို သွားနေသလိုပဲ အနာဂတ်မှာ ဈေးကွက်ကို တံခါးဖွင့်ဖို့ဆိုတာက ပြိုင်ဆိုင်မှုကြောင့်ပဲ ဖြစ်ပါတယ် “ဟု Oldenburg တက္ကသိုလ်ပါမောက္ခ SERGEJ FATIKOW က ပြောကြားခဲ့သည်။ (Xinhua)


…………………………..
(English Version)
Robotics empowers new quality productive forces: industry insiders
STANDUP (English): ROGER LOTT, Xinhua reporter
“I’m not in a sci-fi movie, but standing at the intersection of reality and the future that robots may soon reshape. Here I am at the World Robot Conference 2024 (WRC 2024) held in Beijing.
The theme of this year’s event is “Co-Fostering New Quality Productive Forces for a Shared Intelligent Future.”
How will artificial intelligence (AI) revolutionize industries? And how will robotics lend a hand to China’s innovation-driven growth? Let’s delve into the event and find out.”
With innovation playing the leading role, new quality productive forces mean advanced productivity freed from traditional economic growth modes and productivity development paths.
They feature high-tech, high-efficiency, and high quality in line with the new development philosophy.
SOUNDBITE 1 (Chinese): FELIX WANG, KUKA AMR Product Manager
“This vehicle is designed for scenarios involving heavy load transportation and long-term operations, such as working 12-hour shifts or continuous rotation work. We help customers solve their practical problems, and help them finish their tasks more efficiently and intelligently.”
SOUNDBITE 2 (Chinese): FAN CHUNHUI, Deputy Director of Robotics Engineering Center, China Electronics Technology Robotics Co., Ltd.
“We now focus on logistics applications, specifically in smart warehousing systems, where our robots can replace manual labor in loading, marking, labeling, packing, and other tasks before delivery.
Now China has already designated humanoid robots as a propeller for new quality productive forces. So in the future, humanoid robots, as representatives of new quality productive forces, are likely to revolutionize industries, our daily life and even special operations.”
SOUNDBITE 3 (English): SOTIRIOS STASINOPOULOS, Humanoid Robot Product Manager of UBTECH
“We’re now using robots to accomplish some tasks such as moving the boxes or doing some quality inspection. For specifically moving the boxes, we are taking away the risk of humans being hurt from long-term moving heavy loads. And that can be also an increase in productivity in the future when humanoids will become a little bit faster.”
At the WRC 2024, an official from the Ministry of Industry and Information Technology (MIIT) said that China has remained the world’s largest market for industrial robots for the 11th consecutive year.
Data shows that in 2023, China’s industrial robot production had reached 430,000 sets, while the country’s newly added robot installations accounted for more than half of the global market over the past three years.
SOUNDBITE 4 (English): JUHA RONING, Vice president of research, euRobotics
“I think all the nations are eager to use the benefits, what AI can bring. And surely, China is a very good example of how to use it in a good way. And if we find a way to optimize, let’s say, reduce and produce more with less raw material, that would benefit. It was how many patents and innovations have been made in China. This is very high-level.”
SOUNDBITE 5 (English): BRADLEY NELSON, Professor of Robotics and Intelligent Systems, ETH Zurich
“As we’ve seen statistically, China’s a great adopter of robotics. So you’re seeing more and more robots being integrated into manufacturing. I know in a lot of the world, we’re having trouble finding workers to do some of these manufacturing jobs. And so there’s a lot of motivation, a lot of reasons to bring robots in. Then I think you’ll see the same thing in China. It will improve productivity.”
SOUNDBITE 6 (English): SERGEJ FATIKOW, Professor of University of Oldenburg
“Now China became a leading country here in robotic technologies. It is important for other countries now to take a careful look of what is going (on) in China and then to catch up, because it’s about competition, because the development of innovative technologies today means going to the markets or opening to the markets in the future.”
Xinhua News Agency correspondents reporting from Beijing.(XHTV)
Photo – (240821) — BEIJING, Aug. 21, 2024 (Xinhua) — Visitors examine an educational robot during the World Robot Conference 2024 in Beijing, capital of China, Aug. 21, 2024. The World Robot Conference 2024 opened here on Wednesday. (Xinhua/Li Xin)