ပေကျင်း ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံတွင်ကျင်းပမည့် တရုတ် ၊ ဂျပန် နှင့် တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ တက်ရောက်မည်ဟု ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Lu Kang က သြဂုတ်လ ၁၈ ရက်တွင်ပြောကြားသည်။
ချန်ရှ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ကျန်းကျားကျဲမြို့တွင် တည်ရှိသည့် ကမ္ဘာ့အရှည်ဆုံး နှင့် အမြင့်ဆုံး ဖန်တံတားအား လာရောက်လည်ပတ်သူများအတွက် သြဂုတ် ၂၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း စီမံခန့်ခွဲရေး ကော်မတီက ပြောကြားခဲ့သည်။
ပေကျင်း၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးတွင် စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်များ၌ ကျင်းပရန် စီစဉ်ထားသည့် G20 ထိပ်သီး အစည်းအဝေးအား တရုတ် သမ္မတ ရှီကျင့်ဖိန်က အိမ်ရှင်အဖြစ် လည်းကောင်း၊ အစီအစဉ်မှူးအဖြစ် လည်းကောင်း လက်ခံကျင်းပမည် ဖြစ်ကြောင်း...
ပေကျင်း ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါကစ္စတန်နိုင်ငံ သမ္မတ မမ်နွမ်ဟူစိန်( Mamnoon Hussain ) အား ပါကစ္စတန်နိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင်ကို သြဂုတ်လ ၁ဝ ရက်နေ့က ပေးပို့ခဲ့သည်။
ပေကျင်း၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ အိတ်ချ်အိုင်ဗီ ရောဂါပိုး ကူးစက်ခံရသည့် ကလေးငယ်များနှင့် မိဘမဲ့ ကလေးငယ်များ၏ အခြေခံ လူနေမှုဘဝ ထောက်ပံ့ကြေးအတွက် ဗဟို အစိုးရက ရန်ပုံငွေများ ပိုမို ထောက်ပံ့မည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက သြဂုတ်လ ၈ ရက်က ပြောကြားခဲ့သည်။
ပေကျင်း၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နည်းပါးနေပြီဖြစ်သော ရေအရင်းအမြစ် ၏ အရည်အသွေးအား မြှင့်တင်ရန်ရည်ရွယ်သော စီမံကိန်း ၄,၈၀၀ ခန့်အတွက် တရုတ်ယွမ် ၄၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၄.၆ဘီလီယံ) အသုံးပြုသွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက သြဂုတ် ၇ ရက်တွင် ကြေညာခဲ့သည်။
ဝူဟန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်ရှိ ယန်ဇီမြစ်ပေါ်၌ တံတားသစ် တစ်စင်း တည်ဆောက်ရန်အတွက် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၎င်းတို့၏ လုံခြုံရေးဆိုင်ရာတုံ့ပြန်နိုင်မှုယန္တရားအား စစ်ဆေးရန် နှင့် မြှင့်တင်ရန် အတွက် ပထမဆုံး နျူကလီးယားလုံခြုံရေးဆိုင်ရာ အရေးပေါ်လေ့ကျင့်မှု တစ်ရပ်အား သြဂုတ် ၆ ရက်က ပြုလုပ်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးဆိုင်ရာ သိပ္ပံ၊နည်းပညာ နှင့် စက်မှုလုပ်ငန်း ဦးစီးဋ္ဌာန၏ ပြောကြားချက်...
ရှီးချန်း၊ စီချွမ်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မိုဘိုင်း ဆက်သွယ်ရေးအတွက် ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုအား သြဂုတ်လ ၆ ရက် နံနက် အစောပိုင်း က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် လာအို နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့သည် ပေကျင်းမြို့၌ သြဂုတ်လ ၃ ရက်က တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။