Connect with us

Politics, Law & Military

ရှီကျင့်ဖိန်၏ သံတမန်ရေးရာအတွေးအမြင် သုတေသနစင်တာ ဖွင့်လှစ်

ရှီကျင့်ဖိန်၏ သံတမန်ရေးရာအတွေးအမြင် သုတေသနစင်တာအား တရုတ်နိုင်ငံ ပေကျင်းမြို့တော်၌ ဇူလိုင် ၂၀ ရက်က ဖွင့်လှစ်စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ သံတမန်ရေးရာအတွေးအမြင်သုတေသနစင်တာကို ဇူလိုင် ၂၀ ရက်က ပေကျင်းမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းစင်တာကို တရုတ်နိုင်ငံ နိုင်ငံတကာလေ့လာရေးဌာန၏ ထောက်ခံမှုနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စင်တာသည် နိုင်ငံတစ်ဝန်း အရင်အမြစ်များ ညှိနှိုင်းဆောင်ရွက်ရန်နှင့် ရှီကျင့်ဖိန်၏ သံတမန်ရေးရာအတွေးအမြင်ကို ဘက်စုံ စနစ်ကျသော နက်ရှိုင်းသော လေ့လာမှုများ၊ ရှင်းပြချက်များနှင့် မိတ်ဆက်ခြင်းများ ဆောင်ရွက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ 

ရှီကျင့်ဖိန်၏ သံတမန်ရေးရာအတွေးအမြင် သဘာဝတရား၊ သီအိုရီ၊ လက်တွေ့၊ ဆက်သွယ်ရေး၊ မူဝါဒများနှင့် အထူးအကြောင်းအရာများ လေ့လာခြင်းကို အဓိကထားပြီး တရုတ်နိုင်ငံ၏ သံတမန်ရေးရာ လက်တွေ့ကျင့်သုံးမှုများတွင် ရှီကျင့်ဖိန်၏ သံတမန်ရေးရာအတွေးအမြင် လမ်းညွှန်အခန်းကဏ္ဍ အပြည့်အဝပါဝင်မှုပေးရန်နှင့် ခေတ်သစ်တွင် တရုတ်သွင်ပြင်လက္ခဏာဖြင့် အဓိကနိုင်ငံ သံခင်းတမန်ခင်း သီအိုရီ၊ စနစ်နှင့် လုပ်ထုံးလုပ်နည်းနှင့် စွမ်းဆောင်နိုင်မှု ထူထောင်ရေး ဖြည့်ဆည်းရန် ရည်ရွယ်ထားကြောင်း သိရသည်။ 

အဆိုပါ စင်တာဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ တရုတ်သွင်ပြင်လက္ခဏာများနှင့် အဓိကနိုင်ငံ၏ သံတမန်ရေးရာအတွက် မြေပြင်သစ်ဖော်ဆောင်ရန် ရှီကျင့်ဖိန်၏ သံတမန်ရေးရာအတွေးအမြင်ကို နက်နက်ရှိုင်းရှိုင်း လေ့လာခြင်းနှင့် လေးလေးနက်နက် အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်သွားရန် ဝမ်က တိုက်တွန်းပြောကြားခဲ့သည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.