Connect with us

Politics, Law & Military

တရုတ်- ရုရှား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကတိပြု ၊ အမေရိကန်၏ တစ်ဖက်သတ်ကိုယ်ကျိုးရှာဝါဒကို ပယ်ချ

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရိ နှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergei Lavrov တို့ ၂၀၁၉ ခုနှစ် မေ ၁၃ ရက်က ရုရှားနိုင်ငံ ဆိုချီမြို့၌တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Sergei Lavrov နှင့် ဇူလိုင် ၁၇ ရက်က ဖုန်းဖြင့်ဆက်သွယ်ဆေွးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု နှင့် ညှိနှိုင်းဆောင်ရွက်မှုတိုးမြှင့်ရေး ထောက်ခံအားပေးသွားရန် ကတိပြုခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်တို့၏ မဟာဗျူဟာမြောက်လမ်းညွှန်ချက်များသည် တရုတ်-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး၏ အကြီးမားဆုံး နိုင်ငံရေးအကျိုးအမြတ် ဖြစ်ကြောင်း ဝမ်က ဆိုသည်။ ပြီးခဲ့သော ရက်သတ္တပတ်က ရုရှားနိုင်ငံ၌ လူထုဆန္ဒခံယူပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးနောက်တွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် တယ်လီဖုန်းဆက်၍ တစ်ဖက် နှင့် တစ်ဖောက် အပြန်အလှန်ထောက်ခံအားပေးမှုအတွက် ထပ်လောင်းအတည်ပြုခဲ့ကြောင်း နှင့် တရုတ်-ရုရှား ဆက်ဆံရေးသည် နှစ်နိုင်ငံစလုံးအတွက် ထိပ်တန်းနိုင်ငံခြားရေးမူဝါဒ ဦးစားပေး အဖြစ် ရှိနေကြောင်း ဝမ်က ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၁ ရက်က အမေရိကန်အလံများလွှင့်ထူထားသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

 ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိခဲ့သော ဘုံသဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် နှစ်ဖက်စလုံးက လုပ်ဆောင်သွားသင့်ကြောင်း ၊ အဆင့်အားလုံးတွင် အပြန်အလှန်ဖလှယ်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းသွားသင့်ကြောင်း ၊ COVID-19 တိုက်ဖျက်ရေး နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နှင့် အဓိက နိုင်ငံတကာရေးရာ နှင့် ဒေသတွင်း ရေးရာကိစ္စရပ်များတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရမည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။

အမေရိကန်နိုင်ငံအနေဖြင့် “ အမေရိကန်ပထမ” မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း နှင့် အတ္တဝါဒ ၊ တစ်ဖက်သတ်ကိုယ်ကျိုးရှာဝါဒ နှင့် အနိုင်ကျင့်မှုဝါဒ ကို အစွန့်ရောက်စွာ ကျင့်သုံးလျက်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံတွင် ရှိနေသော အရေအတွက် မဆိုစလောက်ရှိသည့် တရုတ်ဆန့်ကျင်ရေးအင်အားစုများကို ဂရုစိုက်နေမည်မဟုတ်ကြောင်း ၊ သို့သော် တရုတ်နိုင်ငံ၏ တရားဝင် အကျိုးစီးပွားများ နှင့် ဂုဏ်သိက္ခာကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Lavrov က ရုရှားနိုင်ငံအနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သည့် ဘုံသဘောတူညီမှု လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်သွားရန် ဆန္ဒရှိနေကြောင်း ၊ ကပ်ရောဂါတိုက်ဖျက်ရေး နှင့် ထိန်းချုပ်ရေးကဏ္ဍတွင် ရုရှား နှင့် တရုတ်နိုင်ငံအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း နှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ နှင့် ပိုးလမ်းမ တည်ဆောက်မှုအကြား ပူးပေါင်းဆောင်ရွက်မှုခွန်အားကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ၊ အဓိကတာဝန်ရှိသောနိုင်ငံများအနေဖြင့်  ရုရှား နှင့် တရုတ်နိုင်ငံတို့သည် နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု နှင့် ညှိနှိုင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်သွားသင့်ကြောင်း နှင့် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားများ နှင့် နိုင်ငံတကာဥပဒေကို ထိန်းသိမ်းသွားသင့်ကြောင်း Lavrov က ဆိုသည်။

Lavrovက အမေရိကန်နိုင်ငံသည် အမေရိကန်တစ်ကိုယ်တော်သီးသန့်ဝါဒ နှင့် အတ္တဝါဒကို အမြဲယုံကြည်နေကြောင်း ၊ မကြာသေးမီကလည်း အခြားသူများအပေါ် ဆန့်ကျင်၍ ခြိမ်းခြောက်မှု သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့်ပိတ်ဆို့မှုများ လုပ်ဆောင်ပြီး မိမိကိုယ်ကို လှည့်စားမှုပြုလုပ်ခဲ့ကြောင်း ဆိုသည်။

ရုရှားနိုင်ငံအနေဖြင့် နိုင်ငံတကာရေးရာကိစ္စရပ်များတွင် တစ်ဖက်သတ်ကိုယ်ကျိုးရှာဝါဒကို ဆန့်ကျင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ တရုတ်နှင့်ရုရှား နှစ်ဖက်အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ၏ ထိပ်သီးအစည်းအဝေးအပေါ် အမြင်များကို နက်ရှိုင်းစွာ အပြန်အလှန်ဖလှယ်ခဲ့ကြပြီး နိုင်ငံတကာမဟာဗျူဟာမြောက် တည်ငြိမ်ရေးကို ထိန်းသိမ်းသွားရန် အပြင် ဘုံအကျိုးစီးပွားနှင့်ဆက်စပ်သော နိုင်ငံတကာထိပ်တန်း အရေးကိစ္စရပ်များ နှင့် ဒေသတွင်းအခြေအနေများ ဖွံ့ဖြိုးတိုးတက်ရေး ထိန်းသိမ်းသွားရန်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။  (Xinhua)