Connect with us

Politics, Law & Military

 ဗြိတိန် အနေဖြင့် ဟောင်ကောင် တွင် ကိုလိုနီ သက်ရောက်မှု ဆက်လက်ဆောင်ရွက်လိုသည့် စိတ်ကူးအား စွန့်လွှတ်ရန် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ဝူ အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၀မ်းဝန်ပင်း  က ဗြိတိန် နိုင်ငံ အနေဖြင့် ဟောင်ကောင် နှင့် ပတ်သက်၍ ကိုလိုနီ သက်ရောက်မှု စိတ်ကူး အား စွန့်လွှတ်ရန် နှင့် အမှားကို ပြင်ဆင်ကာ ဟောင်ကောင် ကိစ္စရပ် နှင့် တရုတ် ပြည်တွင်းရေးကိစ္စရပ်များ တွင် ဝင်ရောက်မစွက်ဖက်ခြင်းမပြုရန် တိုက်တွန်းလိုက်ကြောင်း နှင့် တရုတ်-ဗြိတိန် ဆက်ဆံရေး ဆက်လက် မပျက်ပြားရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ၀မ်းဝန်ပင်း  က ဗြိတိန် နိုင်ငံ ၏ ဟောင်ကောင် နှင့် ပတ်သက်သော မှားယွင်း သည့် ပြောဆိုမှုများ နှင့် လုပ်ကိုင်ဆောင်ရွက်မှုများ သည် နိုင်ငံတကာ ဥပဒေ နှင့် နိုင်ငံတကာ ဆက်ဆံရေး ၏ အခြေခံ စည်းမျဉ်းများကို ဆိုးရွားစွာ ချိုးဖောက်နေကြောင်း ၊ တရုတ် နိုင်ငံ ၏ ပြည်တွင်းရေးအား ရိုင်းရိုင်းပြပြ ဝင်ရောက်စွက်ဖက်ခြင်း အပေါ် တရုတ် နိုင်ငံ အနေဖြင့် ခိုင်မြဲစွာ ဆန့်ကျင် ကြောင်း နှင့် ရှေ့ဆက်၍ တန်ပြန်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ရှိနေကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။  

ထို့ပြင် ၀မ်းဝန်ပင်း  က ဟောင်ကောင် ကိစ္စရပ်သည် တရုတ် နိုင်ငံ ပြည်တွင်းရေး ဖြစ်ပြီး မည်သည့် နိုင်ငံ မှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ ၏ နိုင်ငံတော် အချုပ်အခြာ အာဏာ ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွား ကို ဆောင်ရွက်မည့် ခံယူချက် မှာ ခိုင်မာကြောင်း ၊ တစ်နိုင်ငံစနစ်နှစ်ခု ကို ဘက်စုံတိကျစွာ ဆောင်ရွက်ပြီး ဟောင်ကောင် ကိစ္စရပ် တွင် ပြင်ပ အင်အားစုများ ဝင်ရောက်စွက်ဖက်ခြင်း ကို ခိုင်မြဲစွာ ဆန့်ကျင်သွားမည် ဖြစ်ကြောင်း ၊ နိုင်ငံ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ဆက်ဆံရေး တည်ဆောက်ရာတွင် အပြန်အလှန် လေးစားမှု ထားရှိပြီး တန်းတူညီမျှ ဆက်ဆံသွားရမည် ဖြစ်ကြောင်း ၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အခြေခံအချက်ပေါ် တွင် အထူးအသဖြင့် အပြန်အလှန် အရေးပါသည့် ကိစ္စရပ်များ တွင် လေးစားမှု ထားရှိရမည် ဖြစ်ကြောင်း ၊ တရုတ်-ဗြိတိန် ဆက်ဆံရေး ၏ ဖွံ့ဖြိုးတိုးတက်မှု သည် မည်ကဲ့သို့ ပြောဆိုရမည် မဟုတ်ဘဲ မည်ကဲ့သို့ လုပ်ဆောင်ရမည် ဖြစ်ကြောင်း တုံ့ပြန် ပြောကြား ခဲ့သည်။  (Xinhua)