Connect with us

Culture & Entertainment

တရုတ်နိုင်ငံ၏ နန်းတော်ပြတိုက်ရှိ အရင်းအမြစ်များအား စုစည်းထားသည့် အွန်လိုင်းပရိုဂရမ် မိတ်ဆက်

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ နန်းတော်ပြတိုက်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ Forbidden City ဟု လူသိများသော နန်းတော်ပြတိုက်က အင်တာနက်အသုံးပြုသူများအတွက် ပြတိုက်၏ ဒီဂျစ်တယ် အရင်းအမြစ်များကို တစ်နေရာထဲတွင် ရရှိနိုင်ရန် အွန်လိုင်းပရိုဂရမ်တစ်ခုကို မိတ်ဆက်လိုက်ကြောင်း ဇူလိုင် ၁၆ ရက်တွင် ကြေညာခဲ့သည်။ 

ပြည်သူများအနေဖြင့် WeChat မှတစ်ဆင့် အဆိုပါ အွန်လိုင်းပရိုဂရမ်သို့ ဝင်ရောက်နိုင်မည်ဖြစ်ကာ အရင်းအမြစ်ပင်လယ်ကြီးတွင် ၎င်းတို့လိုအပ်သည်ကို ပြတိုက်၏ ဝက်ဘ်ဆိုက်နှင့် microblog ကဲ့သို့ အမျိုးမျိုးသော အွန်လိုင်းပလက်ဖောင်းများအားလှည့်လည်ကြည့်ရှုစရာမလိုအပ်တော့ဘဲ ကလစ်တစ်ချက်နှိပ်ရုံဖြင့် ရှာဖွေနိုင်မည်ဖြစ်သည်။ 

အဆိုပါ ပြတိုက်သည် ဒီဂျစ်တယ် အရင်းအမြစ်များ စုစည်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အသုံးပြုခြင်းများ၌ နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိကြောင်း ပြတိုက်က ဆိုသည်။ 

ဇူလိုင် ၁၆ ရက်က ပြုလုပ်ခဲ့သည့် အွန်လိုင်းမျှဝေရေးအစည်းအဝေးအတွင်း ပြတိုက်၏ နည်းပညာအဖွဲ့နှင့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှစ်ဦးက နန်းတော်ပြတိုက်၏ ဒီဂျစ်တယ် အရင်းအမြစ်များ အသေးစိတ် အသုံးပြုမှုကို ကြည့်ရှုသူများအား ပြသခဲ့ကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117