Connect with us

Politics, Law & Military

အခြားနိုင်ငံများအပေါ် အမေရိကန်၏ လက်တံရှည်လှမ်း တစ်ဖက်သတ်ပိတ်ဆို့မှုများကို ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းအား ဇူလိုင် ၂၀ ရက်က ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

အခြားနိုင်ငံများအပေါ် အမေရိကန်၏ တစ်ဖတ်သတ်ပိတ်ဆို့မှုများနှင့် အခြားနိုင်ငံ၏ တရားဝင်မှန်ကန်သည့်အကျိုးစီးပွားများကို လက်တံရှည်လှမ်း၍ ဝင်ရောက် စွက်ဖက်ခြင်းသည် အများနှစ်မြို့ဖွယ်မရှိဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်မှုကို တရုတ်နိုင်ငံက ခိုင်မာစွာ  ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဇူလိုင် ၂၀ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

အမေရိကန်နိုင်ငံက ဥရောပကုမ္ပဏီလုပ်ငန်းများကို ကြိမ်ဖန်များစွာ ပိတ်ဆို့မှုများစွာ ပြုလုပ်နေခြင်း သို့မဟုတ် ပိတ်ဆို့မည်ဟု ခြိမ်းခြောက်ခြင်းများကို ဥရောပသမဂ္ဂက အလေးထားစောင့်ကြည့်နေကြောင်း၊ တရားဝင်လည်ပတ်ဆောင်ရွက်နေသည့် ဥရောပကုမ္ပဏီလုပ်ငန်းများအနေဖြင့် တတိယနိုင်ငံက ပိတ်ဆို့အရေးယူခြင်းကို  ဥရောပသမဂ္ဂက ဆန့်ကျင်ကန့်ကွက်ကြောင်း  ဥရောပသမဂ္ဂ နိုင်ငံခြားဆက်ဆံရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell၏ ဇူလိုင် ၁၇ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ယင်းထုတ်ပြန်ချက်နှင့်ဆက်စပ်သည့် မေးမြန်းချက်များကို ဖြေကြားရာတွင် ဝမ်းဝန်ပင်းက အမေရိကန်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံ၏ပြည်တွင်းရေးဥပဒေဖြင့် အခြားနိုင်ငံအပေါ် တစ်ဖက်သတ်ပိတ်ဆို့ခြင်း၊ လက်တံရှည်လှမ်း၍ စွက်ဖက်ခြင်းသည် နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း၊ အခြားနိုင်ငံ၏ မှန်ကန်သည့် တရားဝင် အကျိုးစီးပွားကို ထိခိုက်စေကြောင်း၊  ယင်းလုပ်ရပ်သည် အများမနှစ်မြို့ဖွယ်ရာဖြစ်ကြောင်းနှင့် ယင်းလုပ်ဆောင်ချက်အပေါ် တရုတ်နိုင်ငံက အစဉ်ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။ “နိုင်ငံအသီးသီးရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လက်ရှိ ဆောင်ရွက်နေတဲ့ ပုံမှန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကို တရုတ်နိုင်ငံက အားပေးထောက်ခံပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)