Connect with us

Politics, Law & Military

နန်ကျင်း လူထုအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး မှတ်တမ်း ယူနက်စကို၏ ကမ္ဘာ့ အောက်မေ့ဖွယ် စာရင်းဝင်ခြင်းအား ဂျပန်နိုင်ငံ၏ ဟန့်တား ပိတ်ပင်မှုအပေါ် ကျေနပ်မှု မရှိကြောင်း တရုတ် အကြီးတန်းအရာရှိ ပြောကြား

တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီနှင့် ဂျပန်နိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီ ခေါင်းဆောင် ရှိုတာရို ယာချီတို့ တိုကျိုမြို့တွင် ဆွေးနွေး နေကြစဉ် (ဆင်ဟွာ)

တိုကျို၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီက နန်ကျင်း လူထုအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး မှတ်တမ်းကို ယူနက်စကို က ကမ္ဘာ့အောက်မေ့ဖွယ် အဖြစ် ထည့်သွင်းခြင်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးနှင့် အရှေ့နှင့် တောင်တရုတ် ပင်လယ်အရေး တို့နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက် စည်းမျဉ်း စည်းကမ်းများအား တရုတ်-ဂျပန် အဆင့်မြင့် နိုင်ငံရေး ဆွေးနွေးပွဲ၌ အသေးစိတ် တင်ပြခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၊ အာရှရေးရာဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ခုံရွှမ်ယို့ က အောက်တိုဘာလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီ ခေါင်းဆောင် ရှိုတာရို ယာချီ နှင့် ဆွေးနွေးရာတွင် တရုတ်-ဂျပန် ဆက်ဆံရေး၏ နိုင်ငံရေး အုတ်မြစ်တွင် သမိုင်းဝင် အကြောင်းအရာများသည် များစွာ အရေးပါကြောင်းကို ယန်ကျဲ့ချီမှ ထောက်ပြခဲ့ကြောင်း ခုံရွှမ်ယို့က ပြောကြားသည်။

၎င်းက ဆက်လက်၍ နန်ကျင်း လူထုအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး မှတ်တမ်းသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (UNESCO) ကမ္ဘာ့အောက်မေ့ဖွယ် စာရင်းတွင် ထည့်သွင်းရာ၌ ဂျပန်နိုင်ငံက ဟန့်တားပိတ်ပင်မှု အား အလွန် မကျေမနပ် ဖြစ်မိကြောင်း ဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံ အနေဖြင့် သမိုင်းဝင် အဖြစ်အပျက်များအား ကောင်းမွန်စွာ ကိုင်တွယ်၍ အတိတ် မှ သင်ခန်းစာယူပြီး အနာဂတ်အား ရှေ့ဆက်သွားရန် တရုတ်နိုင်ငံက မျှော်လင့်ထားကြောင်း ယန်က ပြောသည်။

ယင်းဆွေးနွေးပွဲ၌ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဘုံအကျိုးစီးပွား ဆိုင်ရာ ကိစ္စရပ်များကို ဘက်ပေါင်းစုံ နှင့် မဟာဗျူဟာ ပိုင်းဆိုင်ရာ ရှုထောင့်မှ အမြင်များကို နက်နက်ရှိုင်းရှိုင်း ဖလှယ်ခဲ့ကြသည်။ဂျပန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံအပေါ် အပြုသဘောဆောင်သော မူဝါဒ ထားရှိရန်နှင့် နှစ်နိုင်ငံအကြား နိုင်ငံရေး မှတ်တမ်းမှတ်ရာ (၄) ခုပေါ် အခြေခံ၍ မနှစ်က ရရှိခဲ့သော သဘောတူညီချက် လေးချက်ကို အလေးထား အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံမှ မျှော်လင့်ကြောင်း ယန်က ပြောကြားခဲ့သည်။

ပြီးခဲ့သောလက အတည်ပြုခဲ့သော ဂျပန်နိုင်ငံ လုံခြုံရေး ဥပဒေ အကြောင်း ပြောကြားရာတွင်လည်း ဂျပန်နိုင်ငံ အနေဖြင့် သမိုင်း ကြောင်းအား သင်ခန်းစာယူ၍ ငြိမ်းချမ်းစွာ ဖွံံ့ဖြိုး တိုးတက်ရေး လမ်းစဉ်ကို မသွေဖည်စေရန်နှင့် ဒေသတွင်း ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးအား ထိခိုက် ပျက်ပြားစေသော အရာများကို ရှောင်ရှား သင့်ကြောင်း ယန်က ပြောကြား ခဲ့သည်။
အရှေ့ တရုတ် ပင်လယ်အတွင်းရှိ သရောက်ယွီကျွန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ ပိုင်ဆိုင်မှု အနေအထားအား ထပ်မံ ပြောကြားခဲ့သလို တောင်တရုတ်ပင်လယ် အရေးတွင်လည်း နိုင်ငံတကာ ဥပဒေများအရ တရုတ်နိုင်ငံက ဆောင် ရွက်နေခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ ဘက်အနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကိစ္စများ ပြောကြား ဆောင်ရွက် ရာတွင် သတိပြုသင့်ကြောင်း ယန်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.