Connect with us

Politics, Law & Military

ဆိုမာလီနိုင်ငံ အမျိုးသား ပြန်လည် တည်ဆောက်ရေးနှင့် အကူအညီများ တိုးမြှင့်ရရှိရေး တရုတ် နိုင်ငံက အခိုင်အမာ ထောက်ပံ့ပေးမည်ဟု တရုတ် နိုင်ငံ သမ္မတရှီ ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဆိုမာလီ သမ္မတ ဟတ်ဆန် ရှိတ် မိုဟာမက်တို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ဆိုမာလီနိုင်ငံ အမျိုးသား ပြန်လည်တည်ဆောက်ရေးကို အခိုင်အမာ ထောက်ပံ့ရန်နှင့် အကူအညီများပေးရန် တရုတ်နိုင်ငံက အသင့်ရှိမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာလ ၄ ရက်နေ့က ပြောကြား လိုက်သည်။

တရုတ်နိုင်ငံ အနေဖြင့် ဆိုမာလီနှင့် ဆက်ဆံရေးအား ခင်မင်ရင်းစွဲရှိသော မူဝါဒများအား လိုက်နာ စောင့်ထိန်း သွားမည် ဖြစ်ကြောင်း ဆိုမာလီ သမ္မတ ဟတ်ဆန် ရှိတ် မိုဟာမက်နှင့် ဂျိုဟန်နက်စ်ဘာ့ဂ်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်က ပြောသည်။

ထိပ်သီး အစည်းအဝေး၏ အကျိုးအမြတ်များစွာ ရှိသည့် သဘော တူညီချက်များအား အခွင့်အရေး တစ်ခုအဖြစ် ခံယူ၍ နယ်ပယ်စုံ၌ ပူးပေါင်း ဆောင်ရွက်မှုများအား လုပ်ဆောင်ရန် သမ္မတ ရှီက တိုက်တွန်းလိုက်ပြီး ရေရှည်ခံ သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် တည်ဆောက်ရေးအား နားလည် သဘောပေါက်စေရန် ဆိုမာလီ ပြည်သူများအား ကူညီရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဆွေးနွေးပွဲအား ဒီဇင်ဘာလ ၄ ရက်က တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘတ် မြို့၌ ကျင်းပစဉ် (ဆင်ဟွာ)

စီးပွားရေး ပြန်လည် ကောင်းမွန်ရေးနှင့် အမျိုးသား ပြန်လည် တည်ဆောက်ရေး၌ ဆိုမာလီနိုင်ငံ၏ ကြိုးပမ်းအား ထုတ်မှုအား တရုတ်နိုင်ငံက ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ဆိုမာလီအတွက် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှု တိုးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် အာဖရိကနိုင်ငံများတွင် ဘက်စုံ အကျိုးကျေးဇူး ရှိသည့် ပူးပေါင်းဆောင်ရွက် မှုများ၌ တရုတ် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်မှုအား တွန်းအားပေးသွားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံ သမ္မတက ပြောကြားခဲ့သည်။
လုံခြုံရေး ကဏ္ဍနှင့် ပတ်သက်၍ ဆိုမာလီနိုင်ငံ၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး စွမ်းရည် ခိုင်မာရေးနှင့် ဆိုမာလီရှိ အာဖရိကန် အာဖရိက သမဂ္ဂ၏ လုပ်ငန်းများသို့ အကူအညီများ ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ရှီက မှတ်ချက် ပြုထားခဲ့သည်။
ဆိုမာလီ သမ္မတ မိုဟာမက်ကလည်း ကာလရှည်ကြာစွာ တည်ရှိနေသည့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအား အလေးထား ပြောကြားခဲ့ပြီး ဆိုမာလီ အမျိုးသား ပြန်လည် တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ထောက်ခံခဲ့မှု၊ အထူးသဖြင့် ဆိုမာလီတွင် တရုတ် သံရုံး ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း အပေါ် ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့ သည်။
ထို့ပြင် တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းအောက်တွင် တရုတ်နိုင်ငံနှင့် နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ရန် နှင့် ဂျိုဟန်နက်စ်ဘာ့ဂ် ထိပ်သီး အစည်းအဝေး သဘောတူညီချက်များအား တက်ကြွစွာ လုပ်ဆောင်သွားရန် ဆိုမာလီနိုင်ငံ အနေဖြင့် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ဂျိုဟန်နက်စ်ဘာ့ဂ် ထိပ်သီး အစည်းအဝေးအား ဒီဇင်ဘာလ ၄ ရက်နေ့၌ စတင်ကျင်းပခဲ့ပြီး ၁၅ နှစ်အတွင်း ဒုတိယ အကြိမ် ကျင်းပခြင်းလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.