Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ၁၄ ကြိမ်မြောက် SCO ဝန်ကြီးချုပ်များ အစည်းအဝေး အား လက်ခံကျင်းပမည်

၂ဝ၁၄ ခုနှစ်တွင် ကာဇက်စတန်နိုင်ငံ၌ ကျင်းပခဲ့သော ၁၃ ကြိမ်မြောက် SCO prime ministers' meeting တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၁၄ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) ဝန်ကြီးချုပ်များ အစည်းအဝေး ကို အလယ်ပိုင်း ဟဲနန်ပြည်နယ် မြို့တော် ကျန့်ကျိုး တွင် လာမည့် နိုဝင်ဘာလ ၁၄ ရက် နှင့် ၁၅ ရက်နေ့ တို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးပွဲ၌ စီးပွားရေး နှင့် ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ ပြည်သူ အချင်းချင်း ဖလှယ်မှုများ နှင့် ပတ်သက်သည့် အကြောင်းအရာများအား အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြာင်း တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ ဟွာချွမ်းရင်မှ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပေကျင်း၌ ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိတ်ကြားချက်အရ SCO အဖွဲ့ဝင် နိုင်ငံ ခြောက်နိုင်ငံမှ အစိုးရ ခေါင်းဆောင်များ ဖြစ်သော ကာဇက်စတန်နိုင်ငံ ဝန်ကြီးချုပ် Karim Masimov၊ ကာဂျစ် စတန်နိုင်ငံ ဝန်ကြီးချုပ် Temir Sariyev၊ ရုရှားနိုင်ငံ ဝန်ကြီးချုပ် Dmitry Medvedev၊ တာဂျစ် ကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Qohir Rasulzoda ၊ ဥဇဘက်ကစ္စတန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် (၁) Azimov တို့သည် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

SCO အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံအပြင် အာဖဂန် နစ္စတန်နိုင်ငံ၊ ဘီလာရုစ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အီရန်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ များမှ အစိုးရ ခေါင်းဆောင်များလည်း လေ့လာသူ အဖြစ် တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သော အာရှ နှင့် ပစိဖိတ် ဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင်၊ အရှေ့တောင်အာရှ နိုင်ငံများ အသင်းအဖွဲ့၊ အာရှတွင်း အပြန်အလှန် ဆက်ဆံမှု နှင့် ယုံကြည်မှု တည်ဆောက်ရေး ဆိုင်ရာ ညီလာခံ မှ ကိုယ်စားလှယ်များလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အစည်းအဝေး ပြင်ပ၌ SCO အဖွဲ့ဝင် နိုင်ငံ အစိုးရပိုင်း ခေါင်းဆောင်များ နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် Medvedev တို့သည် လာမည့် ၂၀ ကြိမ်မြောက် တရုတ်-ရုရှား ဝန်ကြီးချုပ်များ ပုံမှန် အစည်းအဝေးပွဲ အတွက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။Masimov၊ Medvedev နှင့် Sariyev တို့သည် အစည်းအဝေး ပြီးနောက် တရုတ်နိုင်ငံ၌ တရားဝင် အလည်အပတ် ခရီးများပြုလုပ် ကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.