Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နှင့် ကိုမိုရိုနိုင်ငံ တို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တရုတ်နိုင်ငံ သမ္မတ တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) ကိုမိုရိုနိုင်ငံ သမ္မတ Ikililou Dhoinine နှင့် လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဒီဇင်ဘာလ ၅ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံနှင့် ကိုမိုရိုနိုင်ငံ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် ကိုမိုရိုနိုင်ငံ သမ္မတ Ikililou Dhoinine နှင့် တွေ့ဆုံစဉ် ဒီဇင်ဘာလ ၄ ရက်က ပြောကြား ခဲ့ကြောင်း သိရသည်။

ရှီက Dhoinine အား တရုတ် နိုင်ငံသည် ကိုမိုရိုနိုင်ငံ ၏ စီးပွားရေး နှင့် ပြည်သူများ ဘဝ တိုးတက် ဖွံ့ဖြိုး လာစေရန် အတွက် ခိုင်မာသော ထောက်ပံ့သူ တစ်ယောက် ဖြစ်ကြောင်း၊ ကိုမိုရိုနိုင်ငံ ၏ ဖွံ့ဖြိုး တိုးတက်မှု နှင့် အခြေခံ အဆောက်အအုံ၊ စွမ်းအင် နှင့် ငါးဖမ်း လုပ်ငန်း များတွင် တရုတ် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ နှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ ပိုမို ပါဝင် လုပ်ဆောင်လာစေရန် အတွက် တိုက်တွန်း ပါကြောင်း တရုတ်-အာဖရိက ထိပ်သီး ညီလာခံ ကျင်းပစဉ် အတွင်း ပြောကြားခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု နှင့် လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှု ပိုမို အားကောင်းလာစေရန် ပြောကြားရာတွင် ရှီက တရုတ် နိုင်ငံသည် ကိုမိုရို နိုင်ငံနှင် အဖက်ဖက်တွင် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တရုတ် နိုင်ငံ သမ္မတ က တရုတ်နိုင်ငံသည် ကိုမိုရိုနိုင်ငံနှင့် ရာသီဥတု ပြောင်းလဲမှု၊ ဖွံ့ဖြိုး တိုးတက်မှု ရေရှည် တည်တံ့ရေး ၂၀၃၀ အစီအစဉ်၊ အိန္ဒိယ သမုဒ္ဒရာ အရေးကိစ္စများ ကဲ့သို့သော ကမ္ဘာ့ရေးရာ နှင့် ဒေသတွင်း ကိစ္စရပ်များတွင် ဆက်သွယ်ရေး နှင့် ပူးပေါင်း ဆောင်ရွက်မှု အား ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ များ၏ အကျိုးစီးပွား အား ပူးတွဲ စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Dhoinine က ကိုမိုရိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ကာလရှည် အကူအညီပေးမှုအား ကျေးဇူးတင်ရှိပါကြောင်း၊ အထူးသဖြင့် ငှက်ဖျား တိုက်ဖျက်ရေး အစီအစဉ်သည် ကိုမိုရို နိုင်ငံ သားများအ တွက် လွန်စွာမှ အကျိုးရှိစေကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၎င်းမှ ပိုးလမ်းမကြီး အစပျိုးမှု မူဘောင်များ အောက်တွင် တရုတ် နိုင်ငံနှင့် အခြေခံ အဆောက်အအုံ ပူးပေါင်း ဆောင်ရွက်မှုများအား ပါဝင် လုပ်ဆောင်ရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ကိုမိုရိုနိုင်ငံ သမ္မတ Ikililou Dhoinine တို့သည် ၁၅ နှစ် သက်တမ်း ရှိပြီဖြစ်သော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် (FOCAC) ဒုတိယမြောက် ထိပ်သီး အစည်းအဝေး သို့ တက်ရောက်လာခဲ့ကြပြီး တရုတ် နိုင်ငံ နှင့် အာဖရိက နိုင်ငံ ပေါင်း ၅၀ မှ ခေါင်းဆောင်များသည် တရုတ်၊ အာဖရိက သမဂ္ဂကော်မရှင် နှင့်အတူ သံတမန် ဆက်ဆံရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.