Politics, Law & Military
တရုတ် နှင့် အမေရိကန် သမ္မတများတွေ့ဆုံမှုသည် နှစ်နိုင်ငံအပြန်အလှန်နားလည်မှုပိုမို အားကောင်းလာစေနိုင်ကြောင်း ပညာရှင်များသုံးသပ်
နယူးယောက်၊ စက်တင်ဘာ ၁၃ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတနှင့် အမေရိကန်နိုင်ငံသမ္မတတို့တွေ့ဆုံဆွေးနွေး မှု သည် နှစ်နိုင်ငံ အပြန်အလှန်နားလည်မှုပိုမိုအားကောင်းလာစေရန်နှင့် အခြားကိစ္စရပ်များကိုဖြေရှင်းရာတွင်အထောက်အကူ ပေးနိုင်ကြောင်း အမေရိကန်-တရုတ်ဆက်ဆံရေးအမျိုးသားကော်မတီဥက္ကဌ စတင်ဖင် အော်လင်း ကပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနနှင့်သီးသန့် တွေ့ဆုံမေးမြန်းရာတွင် အော်လင်း က ယခု ခရီးစဉ်သည် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ အမေရိကန်နိုင်ငံသို့ ပထမဆုံး တရားဝင်အလည်အပတ်ခရီးစဉ် ဖြစ်ကြောင်းပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်အရေးနှင့် ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ဖြစ်ပေါ်နေသောတင်းမာမှုများသည် ရှီနှင့်အိုဘားမားတို့တွေ့ဆုံမည့် ထိပ်သီးအစည်းအဝေးပွဲအတွင်း အခက်အခဲ ကြုံတွေ့နိုင်ကြောင်း လူအများက သုံးသပ်ကြမှုနှင့်စပ်လျဉ်းပြီး အော်လင်းက အရှေ့တရုတ်ပင်လယ်နှင့်တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်၍ အပြန်အလှန် နားလည်မှုများတိုးတက်လာစေရန် ရှီသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်တွန်းနေချိန်တွင် အိုဘားမားအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမျိုးသားလုံခြုံရေးကောင်စီကို တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း ဆိုပါတယ်။
အော်လင်းမှ ရှီနှင့်အိုဘားမားတို့သည် အထက်အစိုးရအဖွဲ့အစည်း သာမက အောက်ခြေအဆင့်ထိပါချဉ်းကပ်သင့်ကြောင်းပြောကြားခဲ့သည်။သူ့အနေဖြင့် အမေရိကန်နိုင်ငံ နှင့်တရုတ်နိုင်ငံတို့သည် ရှာဖွေကယ်ဆယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များ၊ ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများ အစရှိသည်တို့အပေါ်အခြေခံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားနိုင်မည်ဟုမျှော်လင့်ပါကြောင်း ပြောကြားသည်။
အော်လင်းမှဆက်၍ နှစ်ဦးစလုံး၏ အဆိုပါအင်အားကြီးနိုင်ငံ နှစ်ခုစလုံး ပူးပေါင်းလုပ်ဆောင်နိုင်သော နယ်ပယ်များစွာရှိကြောင်းပြောကြားခဲ့သည်။
၂၁ရာစုနှစ်ကို အမေရိကန်နှင့်တရုတ်ဆက်ဆံရေးရာစုနှစ်အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုပေးနိုင်မည့်အပြင် မိမိတို့၏အနာဂတ်ကလေးများအတွက် ငြိမ်းချမ်းရေးနှင့်အောင်မြင်မှုများကို နှစ်နိုင်ငံကြားထားရှိသည့်ဆက်ဆံရေးအခြေအနေမှ ဆုံးဖြတ်ပေးနိုင်ကြောင်းပြောကြားလေသည်။အမေရိကန်-တရုတ် ရင်းနှီးသောဆက်ဆံမှုကိုတည်ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံမှုသည ်အရေးကြီးသောအခန်းကဏ္ဍတစ်ခုအနေဖြင့်ပါဝင်ပြီး နှစ်နိုင်ငံပူးပေါင်း၍ရင်းနှီးမြှုပ်နှံမှုစာချုပ်ချုပ်ဆိုမှုများသည်လည်း လွန်စွာအရေးကြီး ကြောင်းပြောကြားသည်။
နှစ်နိုင်ငံ ရင်းနှီးမြှပ်နှံမှုစာချုပ်ချုပ်ဆိုနိုင်ပါက ထောင်သောင်းများစွာသောတရုတ်ကုမ္ပဏီများသည် အမေရိကန်နိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြမည့်အပြင် များစွာသောအမေရိကန်ကုမ္ပဏီများသည်လည်း တရုတ်နိုင်ငံသို့သွားရောက်ရင်းနှီးမြှုပ်နှံကြမည်ဖြစ်၍ အင်မတန်ကောင်းမွန်သော အပြုသဘောဆောင်သည့်ဆက်ဆံရေးကိုရရှိနိုင်ကြောင်း အော်လင်းကပြောကြားသည်။
ရှီ၏အမေရိကန်ခရီးစဉ်သည် အမေရိကန်နိုင်ငံသားများနှင့်တိုက်ရိုက်တွေ့ဆုံပြီး မိန့်ခွန်းပြောကြားနိုင်ရန်အခွင့်အလမ်းကောင်းများကိုဖန်တီးပေးနိုင်ကြောင်း အော်လင်းမှဆက်လက်ပြောကြားသည်။ ထို့အပြင့် ရှီအနေဖြင့် တရုတ်နိုင်ငံ၏ အိပ်မက် (Chinese Dream) သည် တရုတ်-အမေရိကန်ဆက်ဆံရေး နှင့် အမေရိကန်ပြည်သူများအတွက် မည်ကဲ့သို့ ဆက်စပ်အကျိုးသက်ရောက်မှုရှိသည်ကို အဓိပ္ပါယ်ဖွင့်ဆိုပြနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)