Connect with us

Science & Technology

ချိုမိုလန်းမားတောင် အမြင့်တိုင်းတာရေးအတွက်  လနှင့်ချီ၍အချိန်ယူရဖွယ်ရှိဟု ဝန်ကြီးဌာနပြော

ချိုမိုလန်းမားတောင် အခြေစိုက်စခန်းတွင် တောင်အမြင့်တိုင်းတာရေးလုပ်ငန်း ဆောင်ရွက်နေသည်ကို မေလ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ)

သိပ္ပံပညာရှင်များအနေဖြင့် ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သော ချိုမိုလန်းမားတောင်၏ အမြင့်အတိအကျကို တိုင်းတာရန်နှင့် ထုတ်ပြန်ရန် နှစ်လမှ သုံးလခန့် အချိန်ယူရဖွယ်ရှိကြောင်း တရုတ်နိုင်ငံ သဘာဝအရင်းအမြစ် ဝန်ကြီးဌာနက မေ ၂၇ ရက်တွင် ပြောကြားလိုက်သည်။ 

အဖွဲ့ဝင် ရှစ်ဦးပါဝင်သော တရုတ်နိုင်ငံ မြေတိုင်းအဖွဲ့သည် မေ ၂၇ ရက် နံနက်ပိုင်းက တောင်ထိပ်သို့ ရောက်ရှိခဲ့ပြီး နှင်းဖုံးလွှမ်းနေသော တောင်ထိပ်ပေါ်တွင် မြေတိုင်းအမှတ်အသား စိုက်ထူခြင်းနှင့် GNSS အင်တာနာတပ်ဆင်ခြင်း ပြုလုပ်လျက်ရှိသည်။ ယင်းလုပ်ငန်းသည် ချိုမိုလန်းမားတောင် အမြင့်တိုင်းတာရေး ကွင်းဆင်းလုပ်ငန်း ပြီးစီးသည့် အမှတ်အသားလည်း ဖြစ်သည်။

ချိုမိုလန်းမားတောင် အခြေစိုက်စခန်းတွင် တောင်အမြင့်တိုင်းတာရေးလုပ်ငန်း ဆောင်ရွက်နေသည်ကို မေလ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

ချိုမိုလန်းမားတောင် အခြေစိုက်စခန်းတွင် တောင်အမြင့်တိုင်းတာရေးလုပ်ငန်း ဆောင်ရွက်နေသည်ကို မေလ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

ချိုမိုလန်းမားတောင် အခြေစိုက်စခန်းတွင် တောင်အမြင့်တိုင်းတာရေးလုပ်ငန်း ဆောင်ရွက်နေသည်ကို မေလ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

ချိုမိုလန်းမားတောင် အခြေစိုက်စခန်းတွင် တောင်အမြင့်တိုင်းတာရေးလုပ်ငန်း ဆောင်ရွက်နေသည်ကို မေလ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

ချိုမိုလန်းမားတောင် အခြေစိုက်စခန်းတွင် တောင်အမြင့်တိုင်းတာရေးလုပ်ငန်း ဆောင်ရွက်နေသည်ကို မေလ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

ချိုမိုလန်းမားတောင် အခြေစိုက်စခန်းတွင် တောင်အမြင့်တိုင်းတာရေးလုပ်ငန်း ဆောင်ရွက်နေသည်ကို မေလ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

ချိုမိုလန်းမားတောင် အခြေစိုက်စခန်းတွင် တောင်အမြင့်တိုင်းတာရေးလုပ်ငန်း ဆောင်ရွက်နေသည်ကို မေလ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

သိပ္ပံပညာရှင်များသည် တိုင်းတာမှုအချက်အလက်နှင့်အတူ ဘက်စုံတိုင်းတာမှုများ လုပ်ဆောင်ရန် ရှေးရိုးနည်းနှင့် ခေတ်မီနည်းစနစ်များစွာ အသုံးပြုသွားမည်ဖြစ်သည်။ အချက်အလက် လေ့လာဆန်းစစ်ခြင်းနှင့် လုပ်ငန်းစဉ်ပြီးနောက် ပညာရှင်ဆိုင်ရာလေ့လာမှုများကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ပြီး အမြင့်ပေအတိအကျကို တိုင်းတာဆုံးဖြတ်ရန် စိစစ်အတည်ပြုခြင်း ထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အပူချိန်၊ လေထုဖိအားနှင့် အလင်းယိုင်ခြင်း ပတ်ဝန်းကျင်အခြေအနေကဲ့သို့သော အကြောင်းအရာများကြောင့် မှားယွင်းမှုများမဖြစ်ပေါ်စေရန် ရှုပ်ထွေးသော တွက်ချက်မှုများ လိုအပ်ကြောင်း သိရသည်။

ချိုမိုလန်းမားတောင်ထိပ်ပေါ်တွင် အဖွဲ့ဝင်များက နှင်းထုအနက်တိုင်းတာရေးနှင့် ကမ္ဘာမြေဆွဲအားများကို တိုင်းတာသည့် GNSS မြေတိုင်းစနစ်တစ်ခု တပ်ဆင်ခဲ့သည်။

GNSS မြေတိုင်းစနစ်သည် တရုတ်နိုင်ငံပိုင် BeiDou တည်နေရာပြဂြိုဟ်တုစနစ်က ကူညီပေးထားခြင်းဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ဆုံးနေရာတွင် ကမ္ဘာမြေဆွဲအား တိုင်းတာရေးသည် ကမ္ဘာ့မှတ်တမ်းသစ်တစ်ခု ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.