Connect with us

Science & Technology

တရုတ်နိုင်ငံ၏ C919 ဂျက်လေယာဉ် အေးသောရာသီဥတုတွင် စမ်းသပ်ပျံသန်းမှု အတွင်းမွန်ဂိုးလီးယားဒေသ၌ စတင်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်၊ နန်ချန်းမြို့ရှိ ယောင်ဟူးလေဆိပ်တွင် ၂၀၂၀ ပြည့်နှစ် နန်ချန်း လေယာဉ်ကွန်ဗင်းရှင်း၏ လေကြောင်းပြပွဲတစ်ခု၌ C919 ဂျက်လေယာဉ် ပျံသန်းပြသနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

 

ဟူးဟောက်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော C919 ခရီးသည်တင်လေယာဉ်ကြီးသည် နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Hulunbuir မြို့တွင် အေးသောရာသီဥတု၌ စမ်းသပ်ပျံသန်းမှုများ စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် အအေးပြင်းထန်သော ရာသီဥတုတွင် လေယာဉ်၏ စနစ်များနှင့် ကိရိယာများ စွမ်းဆောင်နိုင်မှုကို ဆန်းစစ်ရန် စမ်းသပ်ပျံသန်းမှုအတွက် ဒီဇင်ဘာ ၂၅ ရက်က Hulunbuir Dongshan နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

လေယာဉ်ထုတ်လုပ်သူဖြစ်သော တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်သုံး လေယာဉ်ကော်ပိုရေးရှင်းမှ လေယာဉ် စမ်းသပ်ပျံသန်းမှုအဖွဲ့က ယင်းလေယာဉ်သည် ဒေသများစွာရှိ လေဆိပ်အမြောက်အများ၌ စမ်းသပ်ပျံသန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

Hulunbuir မြို့သည် ဆောင်းရာသီတွင် ပျမ်းမျှအပူချိန် ရေခဲမှတ်အောက် ၂၅ ဒီဂရီစင်တီဂရိတ်ရှိသော အေးသောရာသီဥတုအခြေအနေကြောင့် နာမည်ကျော်ကြားလှသော မြို့ဖြစ်သဖြင့် လေယာဉ်စမ်းသပ်ပျံသန်းမှုများအတွက် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းမြို့သည် အေးသောရာသီဥတုတွင် စမ်းသပ်မှုများ ပြုလုပ်ရန် အခြားသော ပစ္စည်းကိရိယာထုတ်လုပ်သူများကိုလည်း ဆွဲဆောင်ထားလျက်ရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
China’s C919 jet begins cold-weather test flights in Inner Mongolia
Source: Xinhua| 2020-12-25 21:42:51|Editor: huaxia
HOHHOT, Dec. 25 (Xinhua) — China’s indigenously-developed C919 large passenger aircraft has started cold-weather test flights in Hulunbuir in north China’s Inner Mongolia Autonomous Region.
The plane arrived at the Hulunbuir Dongshan international airport Friday for the test which is expected to verify the performance of the aircraft’s systems and equipment in extremely cold weather.
The test flight team from the Commercial Aircraft Corporation of China, the manufacturer, said the aircraft is conducting coordinated test flights at multiple airports in multiple regions.
Hulunbuir was chosen for the test flights as the city is known for its cold weather, with an average temperature of minus 25 degrees Celsius during winter. The city has also attracted many other equipment makers to conduct cold-weather tests. Enditem
China’s C919 jet performs in an air show during the 2020 Nanchang Flight Convention at Yaohu Airport in Nanchang, capital of east China’s Jiangxi Province, Oct. 31, 2020. (Xinhua/Zhou Mi)