Connect with us

Science & Technology

တရုတ်နိုင်ငံက ၂၀၂၁ ခုနှစ်တွင် 5G အခြေစိုက်စခန်း ၆၀၀,၀၀၀ ထပ်မံတည်ဆောက်မည်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ 5G အခြေစိုက်စခန်း တည်ဆောက်မှု လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံက လာမည့်နှစ်တွင် 5G အခြေစိုက်စခန်း ၆၀၀,၀၀၀ ကျော် တည်ဆောက်မည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး Xiao Yaqing က ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ၌ ပြောခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ်တွင် 5G ကွန်ရက် တည်ဆောက်ခြင်းနှင့် တပ်ဆင်ခြင်းများကို မြှင့်တင်သွားမည် ဖြစ်ပြီး အဓိကမြို့ကြီးများတွင် 5G လွှမ်းခြုံမှု အရှိန်မြှင့်ခြင်းနှင့် ပူးတွဲတည်ဆောက်ခြင်းနှင့် မျှဝေခြင်းများ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ထပ်မံ၍အားထုတ်ကြိုးပမ်းမှုများအနေဖြင့် ကွန်ရက် အသုံးပြုရလွယ်ကူရေးနှင့် အဆင့်မြှင့်တင်ရေး၊ ကွန်ရက်သုံးစွဲသူ gigabit အရေအတွက်ကို သန်း ၂၀၀ ကျော်အထိ တိုးမြှင့်ရေးနှင့် app များမှ အသုံးပြုသူများ၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများ ချိုးဖောက်မှုအပေါ် ဖော်ထုတ်ရေး စသည်တို့ ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)

China to add 600,000 5G base stations in 2021

BEIJING, Dec. 29 (Xinhua) — China will build more than 600,000 5G base stations next year, said Xiao Yaqing, minister of industry and information technology at a working conference on Monday.

In 2021, the ministry will promote the construction and application of 5G networks in an orderly manner, accelerate the 5G coverage in major cities and advance co-construction and sharing.
More efforts will be made to optimize and upgrade the network, increase the number of gigabit network users to more than 200 million, and crack down on infringements of users’ rights and interests by apps. ■
Aerial photo taken on April 15, 2020 shows people working at the construction site of a 5G base station in Chongqing, southwest China. (Xinhua/Wang Quanchao)