Connect with us

MYANMAR

မန္တလေးမြို့  ရှိ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း ယာယီပိတ် 

ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း ပိတ်သိမ်းပြီး ဆေးဖြန်းနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကကြီး၊ မန္တလေးမြို့  မဟာအောင်မြေမြို့နယ် ရှိ မြန်မာပြည်ကိုယ်စားပြု ပြည်တွင်းကျောက်မျက်ဈေးကွက်ကြီး ဖြစ်သော ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း ကို ယနေ့ မတ် ၂၄ ရက် နံနက်ပိုင်းမှစတင်၍ ယာယီ ပိတ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က မတ် ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းသည် ပြည်ပ ရောင်းဝယ်လုပ်ကိုင်သူများဖြင့် စည်ကားလျက်ရှိရာ နေ့စဉ် အဝင်အထွက် လူပေါင်း တစ်သိန်း ကျော်ရှိကြောင်းနှင့် မန္တလေးတွင် အစားအသောက်များ အခက်အခဲရှိလာပါက မန္တလေးကျောက်မျက် လုပ်ငန်းရှင်များ အသင်းမှ သက်သာဈေးနှုန်းများဖြင့် ဆန်၊ဆီ၊ဆားများ ရောင်းချရန် အစီစဉ်ရှိကြောင်း သိရသည်။

လက်တလောတွင် မန္တလေးမြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ခေါက်ဆွဲဆိုင်များကို ဆိုင်ထိုင်စား ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ပါဆယ်သာ ရောင်းချကြရန် ယနေတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ ဈေးဆိုင်များသို့ ညွှန်ကြားစာများ ထုတ်ထားကြောင်းနှင့် မန္တလေးတက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ် အပါအဝင် မန္တလေးတိုင်းအတွင်းရှိ တက္ကသိုလ်အများစု ယာယီ ပိတ်သိမ်းထားကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)