Connect with us

Business

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နေပြည်တော်တွင် ကျင်းပမည်

၂၀၂၃ ခုနှစ် နှစ်လယ်ကျောက်မျက်ရတနာ ပြပွဲကျင်းပမှုအားတွေ့ရစဉ် (ဓါတ်ပုံ- MOI)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ်၏ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ‌လာမည့် မေလအတွင်း နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ကျောက်မျက်ရတနာပြပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မေလ (၃) ရက်မှ (၁၂) ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် (၁၀)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြ ရောင်းချသွားမည်ဖြစ်ကြောင်း၊ ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိခဲ့သည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ် (နေပြည်တော်) တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117