Connect with us

MYANMAR

မြဝတီနယ်စပ်ဂိတ် တံတားအမှတ် (၂)မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား သုံးသောင်းကျော်အား ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်စဉ်(ဓာတ်ပုံ-MOHS)

ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်းသို့ မြဝတီနယ်စပ်ဂိတ် တံတားအမှတ် (၂)မှ မတ် ၁၆ ရက်မှ မတ် ၂၃ ရက်အထိ ပြန်လည် ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား ၃၂,၆၃၀ ဦးအား ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မြဝတီမြို့ တံတား (၂) အပါအဝင် နယ်စပ် ဝင်ထွက်ဂိတ် (၂၇) ခုတွင် COVID-19 ရောဂါ မိမိနိုင်ငံအတွင်းသို့ ရောဂါဝင်ရောက်မှုမရှိစေရေး နှင့် ဝင်ရောက် လာပါက ချက်ချင်းသိရှိိပြီး တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် အထူးဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများအား ကရင်ပြည်နယ် အတွင်းရှိ နယ်စပ်ဂိတ်များတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရန်  ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး) ဒေါက်တာထင်လင်းနှင့် ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင် တို့ ဦးဆောင်သော အဖွဲ့ဝင် (၁၂) ဦး ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် မတ် ၁၇ ရက်မှစ၍ ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၂၃ ရက်နေ့တွင် မြဝတီမြို့၊ တံတားအမှတ် (၂) တွင် ပြန်လည် ဝင်ရောက်လာသော မြန်မာနိုင်ငံသား (၂,၃၃၇) ဦးအား COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာကြမည့် မြန်မာနိုင်ငံသားအားလုံးကို ၎င်းတို့၏ နေအိမ်များတွင် (၁၄) ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.