Connect with us

MYANMAR

ယနေ့နံနက်တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦး ထပ်မံတွေ့ရှိ

နှာခေါင်းစည်းဖြင့် ဈေးရောင်းနေသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်  ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့ နံနက်အထိ COVID-19 အတည်ပြုလူနာစုစုပေါင်း၁၂၁၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။အတည်ပြုလူနာသစ်များသည် ရန်ကုန်တိုင်းဒေသကြီး မှ ၃၈ ဦး၊ ရခိုင်ပြည်နယ် မှ ၅ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ ၁ ဦး၊ နှင့်  ပဲခူးတိုင်းဒေသကြီးတို့ မှ ၁ဦးတို့ ဖြစ်ကြောင်း သိရသည်။  

ဓာတ်ခွဲအတည်ပြုလူနာသစ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၄ ရက် ည ၈နာရီ အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၃၅၉) ဦးရှိကြောင်း၊  ၎င်းတို့အနက် (၃၅၆) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊  ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၇)ဦး ရှိကြောင်း သိရသည်။   (Xinhua)