Connect with us

MYANMAR

ယနေ့ညတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၇) ဦး ထပ်မံတွေ့ရှိ

နှာခေါင်းစည်းဖြင့် ဘတ်စ်ကားပေါ်မှ ဆင်းလာသူအားတွေ့ရစဉ် (ဆင်ဟွာ)

 

ရန်ကုန် ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၇) ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း ယနေ့ စက်တင်ဘာ ၅ ရက် ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ထို့ကြောင့် ယနေ့ည အထိ COVID-19 အတည်ပြုလူနာစုစုပေါင်း၁၂၅၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာသစ်များသည် ရန်ကုန်တိုင်းဒေသကြီး မှ ၂၇ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁ ဦး၊ ရခိုင်ပြည်နယ် မှ ၆ ဦး၊ နေပြည်တော်မှ ၁ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁ ဦးဖြစ်ကြောင်း သိရသည်။ 

ဓာတ်ခွဲအတည်ပြုလူနာသစ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ 

စက်တင်ဘာ ၅ ရက်ည ၈ နာရီ အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၁၂)ဦး (Case – 345, 359, 420, 421, 422, 423, 424, 425, 426, 430, 431 နှင့် 434) ရှိသဖြင့် ယနေ့အထိ စုစုပေါင်း (၃၇၁) ဦးရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် (၃၆၆) ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း၊ ဆေးရုံမှ ဆင်းခွင့်ပြုပြီးနောက်၎င်းတို့အားသတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။ (Xinhua)