MYANMAR
COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် ပင်စင်လစာများကို လစဉ်တစ်ရက်တည်း စုပြုံထုတ်ယူခြင်းအစား ဘဏ်ဖွင့်ရက်များတွင် ထုတ်ယူနိုင်မည်

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပင်စင်လစာငွေများကို သတ်ဆိုင်ရာဘဏ်များတွင် လစဉ် ၂၁ ရက် တစ်ရက်တည်းတွင် စုပြုံထုတ်ယူခြင်းအစား လစဉ်၂၁ရက်နောက်ပိုင်း ဘဏ်ဖွင့်ရက်များတွင်လည်း ထုတ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်သော သတင်းအရ သိရသည်။
အလားတူ ပင်စင်လစာများကိုMoblie Moneyစနစ်အသုံးပြု၍ နီးစပ်ရာ Moblie အေးဂျင့်များတွင် ထုတ်ယူခြင်းတို့ဖြင့် လွယ်ကူလျင်မြန်စွာ ထုတ်ယူကြပါရန် အသိပေးပန်ကြားထားကြောင်း သိရသည်။
ပင်စာလစာငွေများကို ဘဏ်တွင်ငွေစာရင်းဖွင့်လှစ်ထည့်သွင်း၍ လိုအပ်ချိန်တွင် အဆိုပါ ငွေစာရင်းမှထုတ်ယူခြင်းဖြင့်လည်းကောင်း၊ATM စာရင်းဖွင့်ထားပြီး ATM စက်မှထုတ်ယူခြင်းဖြင့်လည်းကောင်း၊ Myanmar Moblie Money စနစ်နှင့် Wave Money စနစ်တို့အသုံးပြုပြီး နီးစပ်ရာ Moblie အေးဂျင့်များတွင် ထုတ်ယူနိုင်ရန်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ (Xinhua)