MYANMAR
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်အများဆုံးအဖြစ် ၅၃၅ ဦး ဖြင့် စံချိန်တင် တွေ့ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် COVID-19ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၃၅ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၂၄ ရက် )နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
စက်တင်ဘာ ၂၃ ရက် ည (၈:၀၀)နာရီမှ စက်တင်ဘာ ၂၄ ရက် နံနက် (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ ၃၇၇၀ ခုအား ဓာတ်ခွဲစစ်ဆေးရာ လူနာသစ် ၅၃၅ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၇,၈၂၇)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ထို့ပြင် ယနေ့ နံနက် (၈:၀၀) နာရီအထိ ထပ်မံသေဆုံးသူ (၃) ဦး ရှိခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၃၃) ဦးထိ ရောက်ရှိသွား ပြီကြောင်း သိရသည်။ ( Xinhua)