ရန်ကုန် ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ ၅၁၀ ဦးရှိလာပြီး ဓာတ်ခွဲ အတည်ပြုလူနာ ၂၁,၀၀၀ကျော်ထိ တိုးလာကြောင်း ယနေ့(အောက်တိုဘာ ၇ရက်) ညပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home ကာလအတွင်း ဖွင့်လှစ်ခွင့်မပြုထားသော လုပ်ငန်းများမှ အလုပ်သမားများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ စက်တင်ဘာလ လုပ်ခလစာများကို သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောက်တိုဘာလ (၈)...
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းရှိမရှိကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်မှုပေါ် မူတည်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် ကျောင်းသူကျောင်းသားများ အတန်းပညာအား စဉ်ဆက်မပြတ်လေ့လာနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ဆင်ဟွာသို့အောက်တိုဘာ ၇ ရက်တွင်ပြောကြားသည်။
ရန်ကုန် ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအားပြန်လည်ခေါ်ဆောင်ပေးလျက် ရှိရာအောက်တိုဘာ ၆ ရက်အထိမြန်မာနိုင်ငံသားစုစုပေါင်း ၁၈,၁၈၃ ဦးအားကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁,၂၅၂ ဦး တွေ့ရှိခဲ့ပြီးနောက် အတည်ပြုလူနာ ဦးရေမှာ စုစုပေါင်း ၂၀,၀၃၃ ဦး ရှိလာကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့...
ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) COVID-19 ရောဂါပြင်းထန်သူများကို ရန်ကုန်ပြည်သူဆေးရုံကြီးတွင် လက်ခံကုသပေးနိုင်ရန်အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိအရေးပေါ်ကုသရေးဌာနကို အထူးကြပ်မတ်ကုသဆောင် (ICU)အဖြစ် ပြင်ဆင်ဆောင်ရွက်နေကြောင်းကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊အောက်တိုဘာ၆ရက် (ဆင်ဟွာ) COVID-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် မြို့ဝင်/ထွက်ကိစ္စများ အဆင်ပြေချောမွေ့စေရန်ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအားလုံး သတ်မှတ်ဖြတ်သန်းခပေးဆောင်စေ၍ အောက်တိုဘာ ၅ရက်ညနေပိုင်းမှ စတင်ကာယာယီဖြတ်သန်းခွင့်ပြုလျက်ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှဒုရဲမှူးလှိုင်ဇော်ဦးက ဆင်ဟွာသို့ အောက်တိုဘာ ၆ ရက်တွင် ပြောကြားသည်။
ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အထွေထွေရွေးကောက်ပွဲ ကျင်းပသည့် အချိန်တွင် ပြည်သူပြည်သူများ ကျန်းမာရေးအရ လုံလုံခြုံခြုံဖြင့် ရွေးကောက်ပွဲတွင် သွားပြီးမဲပေးနိုင်ရန် စီစဉ်နေကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် COVID-19 ရောဂါဖြစ်ပွားမှု...
ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား အောက်တိုဘာ ၈ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ထပ်မံထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၉၈၇ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၃၂ ဦး ထပ်တိုးလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။