ကျိနန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ကူးစက်နိုင်ခြေမြင့်မားသော အဓိကအုပ်စုများကို COVID-19 ကာကွယ်ဆေး စုစုပေါင်း အလုံးရေ ၂၁၇,၁၅၈ ထိုးနှံပေးပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၄ ရက် တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အိန္ဒိယနိုင်ငံ၌ ဗြိတိန်တွင် ခြေရာခံတွေ့ရှိခဲ့သော ဗီဇပြောင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၃၈ ဦးထိ ရှိလာခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်း လူနာသစ် ၅၉၀ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူ ၆၅၂ ဦး နှင့် သေဆုံးလူနာ ၁၆ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား...
ကိုင်ရို၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ Sinopharmမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးကို အီဂျစ်တွင် အရေးပေါ် အသုံးပြုရန် တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အီဂျစ်ကျန်းမာရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး Hala Zayedက ဇန်နဝါရီ ၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ၂ သန်းကို ဝယ်ယူသွားရန် ထိုင်းနိုင်ငံက ရည်မှန်းထားကြောင်း ထိုင်းနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရုံးက ဇန်နဝါရီ ၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်း လူနာသစ် ၇၂၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှု ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။
ဟနွိုင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗီယက်နမ်နိုင်ငံတွင် ဗြိတိန်မှ သတင်းပို့ထားသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးအား တွေ့ရှိခဲ့ကြောင်း၊ ၎င်းမှာ ဗြိတိန်မှ ပြန်လာသည့် ဗီယက်နမ်နိုင်ငံသား ဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
လန်ဒန်၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိန်နိုင်ငံတွင် ဇန်နဝါရီ ၂ ရက်က ကိုဗစ် အသစ်ထပ်တိုး အတည်ပြုလူနာ (၅၇,၇၂၅)ဦးရှိရာ ၎င်းမှာ ကပ်ရောဂါကာလ တစ်ရက်အတွင်း အသစ်ထပ်တိုးလူနာအရေအတွက် အများဆုံးအဖြစ် ထပ်မံစံချိန်တင်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ(၂,၅၉၉,၇၈၉)ဦး ရှိလာကြောင်း ဗြိတိန်အစိုးရ၏ ယင်းနေ့တွင် ထုတ်ပြန်သည့်...
ကွမ်ကျိုး ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၌ ပြည်ပမှ ပြန်လာသူတစ်ဦးသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်နယ် ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေးစင်တာက ယနေ့ ဇန်နဝါရီ ၃ ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ဇန်နဝါရီ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် COVID-19 ရောဂါ ကာကွယ်ဆေး ဖြန့်ချိမှု နှင့် ဇန်နဝါရီ ၂ ရက်က အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် ကာကွယ်ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံဗဟိုအစိုးရကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။