ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းရှိ ဓာတ်ခွဲနမှုနာများအား စစ်ဆေးရာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၃၄ ဦး ထပ်မံစစ်ဆေးတွေ့ရှိသဖြင့် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၇,၂၉၂ ဦးထိရှိလာကြောင်း ယနေ့(စက်တင်ဘာ ၂၃ရက်) ညပိုင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ယနေ့ (စက်တင်ဘာ ၂၃ ရက်) ညနေပိုင်းအထိ အတည်ပြုလူနာ ၁၃ ဦးထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၁၂၉ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘရပ်ဆဲလ် ၊စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ် မိုက်ကယ်သည် စက်တင်ဘာ ၂၂ ရက်တွင် အသွားအလာကန့်သတ်နေထိုင်ခဲ့ပြီးနောက် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူက တွစ်တာ၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ကိုကိုးကျွန်းမှအပ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး Stay at Home အစီအစဉ် ခြွင်းချက်ဖြင့် ခွင့်ပြုဝန်ထမ်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက် ညပိုင်းက ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၁၆ ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာများထဲမှ ၁ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ယနေ့ ( စက်တင်ဘာ ၂၃ ရက်)နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းအထိ နောက်ဆုံးရရှိထားသောစာရင်းများအရ မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၆,၄၇၁ ဦး နှင့် သေဆုံးသူပေါင်း ၁၀၀ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး၌ ကိုကိုးကျွန်းမြို့နယ်မှအပ မြို့နယ်အားလုံးတွင် စက်တင်ဘာ ၂၁...
ဆန်းရှီး၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသူ တရုတ်အမည် (မာရှောင်ယွဲ့ ) သည် ၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ တရုတ်လူမျိုး တစ်ဦးနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ အစပိုင်းတွင် ၎င်းတို့၏ ကျေးလက်လူမှုဘဝသည် အခက်အခဲဖြစ်ကြုံတွေ့ခဲ့ရသော်လည်း ဒေသဆိုင်ရာအစိုးရ၏ ကူညီထောက်ပံ့မှုနှင့်အတူ အရာရာတိုင်းသည် အဆင်ပြေချော်မွေ့ခဲ့ရသည်။...
ဘူဒါပတ်စ်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်-ဥရောပ ကုန်တင်ရထားကြီးသည် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ၊အဝတ်အထည်များ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်ပစ္စည်းများ သယ်ဆောင်ကာ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။တရုတ်-ဥရောပ ကုန်ရထားသည် ဥရောပနိုင်ငံများနှင့်သွားလာဖလှယ်မှုကို တိုးမြှင့်ရန် တရုတ်နိုင်ငံမှစတင် ဆောင်ရွက်သည့် ရထားလမ်းချိတ်ဆက်မှု စီမံကိန်းတစ်ခုဖြစ်သည်။ကုန်ကျစရိတ်သက်သာ၍ ယုံကြည်စိတ်ချရမှုရှိခြင်းကြောင်း ကိုဗစ်ကာလတွင် ရထားသယ်ယူပို့ဆောင်ရေးသည် တိုးတက်လာကြောင်း သိရသည်။ (Xinhua)
ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၇၃ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ နှစ်ဦး ထပ်တိုးလာသဖြင့် သေဆုံးသူပေါင်း ၁၁၅ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်း ထုတ်ပြန်မှု...
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် စက်တင်ဘာ ၁၇ ရက် နေ့လည် ၂နာရီထိ နောက်ထပ် သေဆုံးသူ ၁၃ ဦးထိရှိလာသဖြင့် သေဆုံးသူ စုစုပေါင်း ၁၁၃ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။